မတ္တရာမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဒီဇင်ဘာ ၂၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (ဒီဇင်ဘာလ ၁၈ ရက်)၊ ည ၆ နာရီခွဲအချိန်တွင် မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာတွင် အထက် ပါကဲ့သို့ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးအောင်ငွေ(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအောင်ငွေတွင် ဦးခေါင်းပြတ်သည့်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြော သည်။
ထိုကြောင့် သေဆုံးသူအမျိုးသားအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်အောင် ဖန်တီးနေဟု ဖိလစ်ပိုင်စစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း