တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်အောင် ဖန်တီးနေဟု ဖိလစ်ပိုင်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တင်းမာမှု အရှိန်မြင့်တက်စေဖို့၊ ဖန်တီးလုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းများအတွင်း ထိပ်တိုက် တွေ့ဆုံမှုများဖြစ်လာခဲ့ပြီးနောက်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ့် ကိုယ်တိုင်က တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ အဆိုးဘက်ကို ဦးတည်နေတယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ် က အငြင်းပွားမှုတွေစတင်ဖြစ်ပွားခဲ့ရာနိုင်ငံတကာ ခုံရုံးအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
နိုင်ငံတကာခုံရုံးဟာ တရုတ်နိုင်ငံရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချပြီး ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်တန်ဖိုးရှိ ကုန်စည်တွေ တင်ဆောင်ဖြတ်သန်းနေ တဲ့တောင်တရုတ်ပင်လယ်အတွင်းရှိနေရာအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါ တယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘတ်တို တီအိုဒိုရိုက "တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ပြောဆိုချက်တွေကို ကမ္ဘာ့ဘယ်နိုင်ငံကမှ အားပေးထောက်ခံတာမျိုးမရှိပါဘူး။ ဒါဟာ အမှန်တရားနဲ့ လက်တွေအဖြစ်ပျက်ပါ" လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ခုံရုံးဆုံးဖြတ်ချက်ကိုလက်မခံဘဲ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်သင်္ဘောတွေကို ဟန့်တားနှောင့်ယှက်တာမျိုးတွေလုပ်ဆောင်နေသလို ဖိလစ်ပိုင်သင်္ဘောတွေကို ဝင်တိုက်တာမျိုးတွေ လုပ်ဆောင်နေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ