မွေးရာပါချို့ယွင်းမှုကြောင့် ဦးခေါင်းအလေးချိန် ၄၅ ကီလိုဂရမ်ရှိတဲ့ (၃)နှစ်အရွယ် မလေးရှားကလေးငယ်သေဆုံး
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၆
မလေးရှားမှာ မွေးရာပါချို့ယွင်းချက်ကြောင့် ဦးခေါင်းရဲ့ အလေး ချိန်ဟာ ၄၅ ကီလိုဂရမ်ထိ ကြီးမားလာခဲ့တဲ့ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒီဇင်ဘာလ ၁၅ ရက်က သေဆုံးသွားခဲ့တယ်လို့ မလေးရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
မိုဟာမက်ဘီလယ်လ်အက်ဟာ အမည်ရှိ ကလေးငယ်ဟာ မလေးရှားနိုင်ငံမြောက်ပိုင်း ကီဒက်ဟ်ပြည်နယ်ရှိ နေအိမ်မှာပဲ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက် ၄ နာရီ ၅၀ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကို မဖော်ပြထားပေမယ့်လည်း ကလေးငယ်ဟာ alobar holoprosencaphly ခေါ် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုနဲ့ မွေးဖွားလာခဲ့ခြင်းကြောင့် ဦး နှောက်ဟာ ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်း ကောင်းစွာခွဲခြားနိုင်ခြင်း မရှိခဲ့ဘဲ အဆိုပါရောဂါနဲ့ပဲ သေဆုံးတယ်လို့ ယူဆရပါတယ်။
ဒီလိုအခြေအနေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ များ သောအားဖြင့် မွေးပြီးပြီးချင်းမှာပဲ သေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။ မလေးရှားနေ့စဉ်သတင်းစာ Sinar Harian က ဘီလယ်လ်ဟာ မွေးဖွားချိန်က ၎င်းရဲ့ ဦးခေါင်းဟာ 39 cm ရှိပြီး အသက် ကြီးလာတာနဲ့အမျှ ခေါင်းလည်း ဖောင်းလာတယ်လို့ သိရပါတယ်။ ၎င်းဟာ မွေးရာပါ မျက်စိကွယ်နေပြီး အာခေါင်ကွဲနဲ့ မွေးဖွားလာခဲ့ခြင်း ဖြစ်ပါတယ်။
ကလေးရဲ့ မိခင်မစ္စနျူရယ်လ်အစ်ဇာတီအက်ဒါဝစ်ယက်(၂၆ နှစ်) နဲ့ ဖခင်ဖြစ်သူ မစ္စတာမိုဟာမက်အက်ဟာအာဇီမီ (၃၁ နှစ်)မှာ ကျောရိုးနဲ့ အကြားအာရုံဆိုင်ရာအရ ကျန်းမာရေးပြဿနာများ ခံစားနေရတဲ့ ခြောက်နှစ်အရွယ် သမီးတစ်ဦးလည်း ရှိပါတယ်။ ၎င်းတို့ မိသားစုဟာ တစ်လကို RM700 ထိ သက်သာချောင်ချိရေးအကူအညီများရရှိခဲ့ပေမယ့် ဘီလယ်လ်ရဲ့လစဉ်ဆေးဘက်ဆိုင်ရာအသုံးစရိတ်ဟာ မလေးရှား ရင်းဂစ် ၂၅ဝဝ ထိ ရှိတာကြောင့် စားဝတ်နေရေး မလုံလောက်ဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစ်ကပ်ကား(၃)စီးပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ နိုင်ငံသား(၃ဝ)ကျော် ချင်းရိုင်ခရိုင်၌ဖမ်းဆီးခံရ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း