ပစ်ကပ်ကား(၃)စီးပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ နိုင်ငံသား(၃ဝ)ကျော် ချင်းရိုင်ခရိုင်၌ဖမ်းဆီးခံရ
ကျော်(NSS) - ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် ပစ်ကပ်ကား(၃)စီးပေါ်တွင် ပုန်း အောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား(၃၂) ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်၊ ညပိုင်းက ချင်းရိုင်ခရိုင်မှတာ ဝန်ရှိသူများသည် ရှေ့နောက်မောင်းနှင်လာသော ပစ်ကပ်ကား (၃)စီးအား မသင်္ကာသဖြင့် လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရာ နန်လဲန်ကျေးရွာတွင် ပစ်ကပ်ကားတစ်စီး၊ နန်လဲန်ကျေးရွာရှိ ပါကု(က်)လမ်းဆုံတွင်တစ်စီး၊ ချင်းရိုင်မြို့၊ မဲ့ယောင်ဝ်ကျေးရွာတွင်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ချင်းရိုင်ကလူကြီးတွေက မသင်္ကာလို့လိုက်ဖမ်းတဲ့အချိန် ကား ၃ စီးကခွဲထွက်သွားလို့ အဖွဲ့ ၃ ဖွဲ့ခွဲပြီးဖမ်းခဲ့ကြတာလို့သိရတယ်။ လူကြီးတွေပြောပုံအရဆိုရင် အဲဒီကားတွေပေါ်မှာပါတဲ့ မြန်မာ နိုင်ငံသားတွေကို ဒီချင်းရိုင်ခရိုင်ထဲက နေရာအနှံ့ကိုပို့ပေးမှာလို့သိရတယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက NSS ကိုပြောသည်။
ပစ်ကပ်ကားများပေါ်တွင် ချင်းရိုင်ခရိုင်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး(၃၂)ဦးကို ထိုင်းနိုင်ငံသားကားမောင်းသူ (၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ချင်းရိုင်ခရိုင်မှတာဝန်ရှိသူများက ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်၊ ညပိုင်းကလည်း မလေးရှားနိုင်ငံ ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဖြတ်ကျော်လာသည့် မြန်မာ နိုင်ငံသားများ ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကျေးရွာကောင်စီဝင်တစ်ဦးက အစည်းအဝေးအတွင်း လက်ပစ်ဗုံးများဖောက်ခွဲခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၆)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း