ယူကရိန်းကျေးရွာကောင်စီဝင်တစ်ဦးက အစည်းအဝေးအတွင်း လက်ပစ်ဗုံးများဖောက်ခွဲခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၆)ဦးထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဒီဇင်ဘာ ၁၆
ယူကရိန်းနိုင်ငံရှိ ကျေးရွာကောင်စီဝင်တစ်ဦးသည် ၎င်း၏လုပ် ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးတစ်ခုလုပ်နေစဉ်အချိန်အ တွင်း လက်ပစ်ဗုံးများပစ်ကာ ဖောက်ခွဲခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့များက ဒီဇင် ဘာလ(၁၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ Keretsky ရွာ၏ ကောင်စီဌာနချုပ်တွင် ဒီဇင်ဘာလ(၁၅)ရက် အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တယ်လီဂရမ်တွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ဆွေးနွေးမှုများလုပ်ဆောင်နေသည့် ကောင်စီအစည်းအဝေးအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် အဆိုပါအမျိုးသားသည် လက်ပစ်ဗုံး(၃)လုံးကို ၎င်း၏အင်္ကျီအိပ်ကပ်ထဲမှ ထုတ်ကာ ပင်ကို ဆွဲဖြုတ်ပြီး ကြမ်းပြင်ပေါ်သို့ပစ်ချခဲ့ပြီးနောက် ပေါက်ကွဲမှုများဖြစ်ပွားကာ အော်သံများထွက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ရဲတပ်ဖွဲ့က "ဒီဖြစ်ရပ်အတွင်း အနည်းဆုံးလူ(၂၆)ဦးထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။ အဲဒီအထဲကမှ (၂၆)ဦးဟာ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ လက် ပစ်ဗုံးပစ်ခဲ့တဲ့ အမျိုးသားလည်းပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ အဲဒီအမျိုးသားကို အသက်ကယ်နိုင်ဖို့ အ ကောင်းဆုံးကြိုးပမ်းနေပါတယ်"ဟု သတင်းထုတ်ပြန်ထားသည်။
ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံသား အ များအပြားသည် စစ်လက်နက်ပစ္စည်းများကို အသုံးပြုခွင့်ရရှိထားကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မမြစိမ်းနဲ့ ကိုဘုန်းကြွယ်တို့ ဘယ်ရောက်နေပါလိမ့် (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း