နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်နေသည့် ကင်ဆာရောဂါကို ကုသရန် ဓာတ်ရောင်ခြည်ကုသစက်များ လိုအပ်လျက်ရှိနေ
ယွန်း (NSS) - ဒီဇင်ဘာ ၁၃
နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်နေသည့် ကင်ဆာရောဂါကို ကုသနိုင်ရန် ဓာတ်ရောင်ခြည်ကုသစက်များ ပြည်တွင်း၌လိုအပ်လျက်ရှိနေကြောင်း အဏုမြူစွမ်းအင်ပညာရှင်တစ်ဦးက ပြောသည်။
ဓာတ်ရောင်ခြည်ကုသစက်များကို ကမ္ဘာတစ်ဝန်းတွင်ကျယ်ပြန့်စွာသုံးစွဲလျက်ရှိပြီး ကင်ဆာရောဂါဖြစ်ပွားမှုသည် နှစ်စဥ်မြင့်တက်လျှက်ရှိနေသည့်အတွက် ဓာတ်ရောင်ခြည်ကုသစက်များ ပြည်တွင်း၌ လိုအပ်နေကြောင်း သိရသည်။
“မြန်မာနိုင်ငံတစ်နိုင်ငံထဲမှာမဟုတ်ဘူး ကမ္ဘာနဲ့ ယှဥ်ပြီးတော့ ဒီနည်းပညာကိုပဲ တွင်တွင်ကျယ်ကျယ်သုံးနေတာ။ ဒါကိုပဲသုံးနေတာဆိုတော့ ဒါနဲ့ကုမှပဲ အဆင်ပြေမှာပေါ့။ ဒီလိုမျိုးစက်တွေလည်း များများလိုအပ်တယ်။ အဲဒီလိုစက်တွေများများရှိရင်တော့ လူနာတွေကိုလည်း အချိန် စောစောစီးစီးနဲ့ကုသလို့ရမယ်။ တစ် ဖက်ကလည်း များများစီမံနိုင်မယ်ဆိုရင်တော့ ကင်ဆာနဲ့ပတ်သက်ပြီး အသေအပျောက်လည်း နည်းသွားမယ်” ဟု အဏုမြူစွမ်းအင်ပညာရှင်တစ်ဦးက အကြုံပြုပြောကြားထားသည်။
ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိပြီး ကင်ဆာဆဲလ်ပြန့်နှံ့မှု မရှိစေရန် ကုသပေးနိုင်သည့် ဓာတ်ရောင်ခြည်စက်ဖြင့်ကုသ နည်းသည် အဓိကကျသည့်ကုသခြင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ဓာတ်ရောင်ခြည်ကုသစက်များကို ရန်ကုန်ဆေးရုံကြီးအပြင် မန္တလေးဆေးရုံကြီးတွင် (၄)လုံး၊ တောင်ကြီးစပ်စံထွန်း ပြည်သူ့ဆေးရုံကြီးတွင် (၂)လုံးနှင့် နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးတွင် (၂)လုံးထားရှိပြီး ကင်ဆာရောဂါကိုကုသပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်း ဘိုင်ယန်ကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်သာမက ယူရိုပါလိဂ် ကပါ ထွက်ခွာခဲ့ရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ