မန်ယူအသင်း ဘိုင်ယန်ကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်သာမက ယူရိုပါလိဂ် ကပါ ထွက်ခွာခဲ့ရ
ရဲပြည့် - (NSS) - ဒီဇင်ဘာလ ၁၃
မန်ယူအသင်းဟာ ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက ကစားခဲ့တဲ့ ချန်ပီယံအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူနစ်အသင်းကို (၁)ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ပွဲစဥ်သာမက ယူရိုပါလိဂ်ပွဲစဥ်ကိုပါ ကစားခွင့်မရှိတော့ဘဲ ထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဘိုင်ယန်ကို မဖြစ်မနေ ဂိုးပြတ် အနိုင်ရခဲ့ရှိဖို့ လိုအပ်ခဲ့ပေမယ့် အိမ်ကွင်းမှာ ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် အုပ်စုနောက်ဆုံးမှာ ရမှတ် ၄ မှတ်သာရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ကန်ခွင့်ကိုပါ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကိုဗင်ဟေကင်အသင်းက ဂလက်စာရေးအသင်းကို အနိုင်ကစားခဲ့တာကြောင့် မန်ယူအသင်း ဘိုင်ယန်ကို နိုင်ခဲ့ရင်တောင် အုပ်စုကနေထွက်ရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။
နည်းပြဖြစ်သူ အဲရစ်တန်းဟတ်ခ်ကတော့ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ကနေ မထွက်သင့်သလို ဘိုင်ယန် မြူးနစ်အသင်းကိုလည်း မရှုံးနိမ့်သင့်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။
"ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ပုံစံကောင်းအချို့ ပြသထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်းဒီလိုပုံစံတွေ ပြထားပါတယ်။ နောက်နှစ် ချန်ပီယံလိဂ်မှာ ပြန်လည်ပါဝင်ချင်ပါတယ်။ ဘိုင်ယန်ကို မရှုံးခဲ့သင့်သလို ကောင်းမွန်တဲ့ ကစားပုံရှိခဲ့ပေမယ့် အမှားအယွင်းတွေလုပ်ခဲ့ကြပါတယ်။ ဒီအတွက် နည်းပြတစ်ယောက်အနေနဲ့ရော အသင်းအနေ နဲ့ရော စိတ်ပျက်ရပါတယ် " လို့ ၎င်းက ပြောခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်း အခုလိုရှုံးနိမ့်ခဲ့တာကြောင့် အဲရစ်တန်းဟတ်အနေနဲ့လည်း နည်းပြရာထူးကနေ ဖယ်ရှားခံရဖို့ အလားလာရှိနေပြီး ပရိသတ်တွေအနေနဲ့လည်း လက်ရှိရှုံးပွဲတွေအတွက် စိတ်ဆိုးဒေါသထွက်နေကြတာဖြစ်ပါ တယ်။
မန်ယူအသင်းဟာ ဒီရာသီချန်ယံလိဂ်အုပ်စုပွဲစဉ်တွေမှာ ပေးဂိုး(၁၅)ဂိုးအထိ ခွင့်ပြုပေးရတာဖြစ်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်အတွင်း ပေးဂိုး(၁၅)ဂိုးအထိပေးခဲ့ရတဲ့ ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)မှာလည်း မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပြီး အဆိုပါပွဲစဉ်ကိုပါ ရှုံးနိမ့်ခဲ့ပါက အဲရစ်တန်းဟတ်ခ်အနေရဲ့နည်းပြ ရာထူးဟာ ပိုပြီး စိုးရိမ်စရာအနေအထားမှာရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖရိကတိုက်တွင် လာမည့်နှစ်အတွင်း လူပေါင်းသန်း(၅ဝ)ခန့် အငတ်ဘေးနှင့်တွေ့ကြုံရဖွယ်ရှိဟု ကုလသမဂ္ဂ ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း