Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေတိဂုံစေတီတော်၏ အလှူငွေအားလုံးသည် သက်ဆိုင်ရာဘဏ်အကောင့်များတွင် ရှိနေပြီ ငွေကျပ်ဘီလျံ ၁၀၀ နီးပါးနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်ရှိ

ကျော် (NSS) - ဒီဇင်ဘာ ၁၂

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူငွေအားလုံးသည် သက်ဆိုင်ရာဘဏ်အကောင့် အသီးသီးတွင် ရှိနေပြီး အလှူငွေများထဲမှသုံးစွဲရန်လိုအပ်လာသည်များရှိပါက ငွေကြေးထုတ်ယူသုံးစွဲခြင်းမပြုဘဲ"Cheque" ဖြင့်သာ ပေးချေသည့်စနစ်ကိုကျင့်သုံးလျက်ရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ယက်စာမျက်နှာများပေါ်၌ပြန့်နှံ့ခဲ့သည့် ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့်ဝင်ကြေးများမှရရှိသည့် ဒေါ်လာငွေများအား ကျပ်ငွေဖြင့် လဲလှယ်တန်ဖိုးဖြတ်ခဲ့သည် ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး NSS အနေဖြင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရွှေတိဂုံစေတီတော်မှာရှိတဲ့ အလှူငွေတွေ နိုင်ငံခြားငွေ/မြန်မာငွေအားလုံးဟာ မြန်မာ့စီးပွားရေးဘဏ်နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေရဲ့ အကောင့်တွေထဲမှာ လက်ရှိအတိုင်းရှိနေပါတယ်"ဟု ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက NSS ကိုပြောသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေနှင့်အလှူငွေများကို သက် ဆိုင်ရာအဖွဲ့အစည်းမှ ယူဆောင်သွားသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ယင်းသတင်းသည် သတင်းအမှားဖြစ်၍ ကာလတစ်ခုရောက်ရှိချိန်တွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြောင်း ၎င်း ပြောကြားခဲ့ သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နိုင်ငံခြားငွေဖြင့်ရရှိသည့် အလှူငွေများအား နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အကောင့်ဖွင့်လှစ်အပ်နှံထားပြီး နိုင်ငံခြားငွေဖြင့်သုံးစွဲရန်လိုအပ်လာသည့် လုပ်ငန်းများ၌ ယင်းအလှူငွေများထဲမှထုတ်ယူသုံးစွဲခြင်းများပြုလုပ်ရသည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက NSS ကိုပြောသည်။


ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူငွေသည် ယခုနှစ် (၂ဝ၂၃ ခုနှစ်) ဒီဇင်ဘာလ ၅ ရက်အထိ မြန်မာငွေကျပ် ၉၉ ဒသမ ၆၀၄ ဘီလျံ နှင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၈ သန်းရှိပြီး အလှူငွေရရှိမှုတိုးပွားလာ၍ ယခုနှစ် ဘဏ္ဍာနှစ်ကုန်ပါက အလှူငွေအဖြစ် ငွေကျပ် ဘီလျံ ၁၀၀ ကျော်ရရှိနိုင်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းကပြောသည်။

"အဲဒီအလှူငွေတွေကို မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေစုဘဏ် အမှတ်(၁) ၊ အမှတ်(၂) ၊ အမှတ်(၄) နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေမှာခွဲပြီး ခေါင်းစဉ်အလိုက်အပ်ထားတယ်။ ငွေထုတ်ရင်လည်း ဂေါပ ကအဖွဲ့ဝင် ၆ ယောက်လက်မှတ်ထိုးခွင့်ကို သက်ဆိုင်ရာဘဏ်အလိုက် စာရင်းသွင်းပေးထားတယ်။ ငွေအထုတ်/အသွင်းလုပ်တိုင်း ဂေါပကအဖွဲ့ဝင် ၃ ယောက်က လက်မှတ်ထိုးပြီးဆောင်ရွက်ရပါတယ်။ ဂေါပကအဖွဲ့ဝင် ၃ ယောက်ရဲ့လက်မှတ်မပါဘဲ ငွေထုတ်လို့မရပါဘူး"ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နေ့စဉ်ရရှိသည့်အလှူငွေများအား နေ့စဉ် ည ၈ နာရီ ဘုရားပိတ်သည့်အချိန်တွင် ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာရေးဌာန၊ တာဝန်ကျတာဝန်မှူး၊ လုံခြုံရေးနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စောင့်ရှောက်ရေးသံဃာတော်များက အလှူငွေများကို လိုက်လံသိမ်းဆည်း၍ သက်ဆိုင်ရာအိတ်များအလိုက်ထည့်သွင်း၍ သိမ်းဆည်းကြကြောင်း သိရသည်။

"နေ့စဉ်အလှူငွေတွေသိမ်းရင် သက်ဆိုင်ရာခေါင်းစဉ်အလိုက်အိတ်တွေထဲကိုထည့်ပြီး သိမ်းဆည်းပါတယ် မနက် ၉ နာရီရုံးဖွင့်တာနဲ့ အလှူငွေတွေကိုရေတွက်တယ်။ မနက် ၁၁ နာရီခွဲလောက်မှာ ဘဏ်တွေကိုသွားပြီး သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဘဏ်မှာအပ်တယ်။  ဒါက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ ဘဏ္ဍာငွေထိန်းသိမ်းတဲ့လုပ်ငန်းစဉ်တစ်ခုပါ လက်ထဲမှာငွေမထားပါဘူး။ နေ့စဉ်ဘဏ်မှာအပ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာငွေများအား သက်ဆိုင်ရာဘဏ်တွင် အကောင့်များ ဖွင့်လှစ်ပြီး အပ်နှံထားသဖြင့် အလှူငွေများသည် သက်ဆိုင်ရာဘဏ်အသီးသီး၏ အကောင့်များအတွင်း၌ သာရှိပြီး အလှူငွေများထဲမှသုံးစွဲရန်လိုအပ်လာသည်များရှိပါက ငွေကြေးထုတ်ယူသုံးစွဲခြင်းမပြုဘဲ "ချက်" ဖြင့်သာ ပေးချေသည့်စနစ်ကိုကျင့်သုံးလျက်ရှိကြောင်း သိရသည်။

"ဘဏ်ကိုအလှူငွေတွေရောက်သွားပြီဆိုရင် ဒီဟာက ရွှေတိဂုံစေတီတော်ကြီးရဲ့အလှူငွေဆိုပြီး အထုတ်လိုက်ရှိတာမဟုတ်တော့ပါဘူး။ အကောင့်ထဲကိုဝင်သွားတာပါ ဒီသတင်းအမှားကို ယုံ ကြည်တဲ့ပြည်သူတွေလည်းရှိမယ်။ မယုံတဲ့လူတွေလည်းရှိမယ်။ အရင်ကဖြစ်ပေါ်ခဲ့ဘူးတဲ့ ကောလဟလသတင်းတွေလိုပဲ အချိန်တစ်ခုမှာနားလည်သဘောပေါက်သွားပါလိမ့်မယ်"ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းကပြောသည်။

ထို့ကြောင့် လက်ရှိလူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့လျက်ရှိသော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူငွေနှင့်ဝင်ကြေးများအား နစကမှမြန်မာကျပ်ငွေဖြင့်တန်ဖိုးဖြတ်လဲလှယ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ခိုင်ခိုင်မာမာပြောကြားလိုသည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက NSS ကိုရှင်းလင်းပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ဝ ကျော် အပါအဝင် နိုင်ငံခြားသား ၁၁ဝ ကျော် ဖမ်းဆီးခံရ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved