Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေတိဂုံစေတီတော်၏ အလှူငွေ နှင့် ဝင်ကြေးများမှရရှိသည့် ဒေါ်လာများကို ကျပ်ငွေဖြင့်တန်ဖိုးဖြတ်၍ လဲလှယ်ပေးခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဟုဆို

Pearl (NSS) - ဒီဇင်ဘာ ၁၁

ရွှေတိဂုံစေတီတော်၏  အလှူငွေနှင့် ဝင်ကြေးများမှ ရရှိသည့် ဒေါ်လာများကို မြန်မာကျပ်ငွေဖြင့် တန်ဖိုးဖြတ်၍ လဲလှယ်ပေးခဲ့သည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း နစကမှ တုံ့ပြန်ထား သည်။  


နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) တွင် အဆိုပါ သတင်းများနှင့်ပတ်သက်၍ အထက်ပါကဲ့သို့တုံ့ပြန်ဖြေရှင်းထားခြင်းဖြစ်သည်။ 

ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်ဒေါ်လာ သန်း (၂၀)ကျော်နှင့် ဗိုလ်တစ်ထောင် စေတီတော်၏  အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို ‌တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သတင်းမီဒီယာတစ်ချို့က ရေးသားဖော်ပြလျက်ရှိသည်။  

အဆိုပါ သတင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန် ဝါဒဖြန့်ချီမှုများပြုလုပ်နေခြင်းသာဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း ပြောသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ရွှေတိဂုံ‌စေတီတော်ဂေါပကအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း "အဲဒီသတင်းတွေက သတင်းအမှားပါ။ အဲဒီလို လဲတာမျိုးမရှိပါဘူး"ဟု NSS ကို ပြောသည်။ 

မကြာမီအချိန်တွင် ရွှေတိဂုံစေတီတော်၏ အလှူငွေစာရင်း နှင့် အသုံးစရိတ် အသေးစိတ်ကို Website မှတဆင့်  အသိပေးထုတ်ပြန်ပေးသွားရန် စီစဉ်နေကြောင်းလည်း ၎င်းက ထပ်မံပြောသည်။  

"စိတ်မပူပါနဲ့။ နောက်တစ်လကျော်လောက်နေရင် ရွှေတိဂုံဘုရားရဲ့ အဝင်အထွက်စာရင်း ရှိသမျှ ပိုင်ဆိုင်မှုသတင်း ၊ လစဉ် အလှူငွေ ဘယ်လောက်ရှိတယ်။ အသုံးစရိတ် ဘယ်လောက်ရှိတယ်။ အဲဒါတွေ Website ကနေ ပုံမှန် တင်‌ပေးဖို့ရှိတယ်။  နောက်တစ်ခုက ရွှေတိဂုံအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရားတွေရဲ့ ဘုရားသမိုင်းတွေ Website ကနေ အသေးစိတ်ဖော်ပြ ပေးဖို့ရှိတယ်"ဟု  ဂေါပကအဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ကိုပြောသည်။ 

ရွှေတိဂုံစေတီတော်အပါအဝင် တစ်နိုင်ငံလုံးရှိ ဘုရားစေတီပုထိုးများ၏ သမိုင်းများကိုလည်း Website မှတဆင့် အသိပေးဖော်ပြရန် သာသနာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။ 

ယခင်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေးအဖြစ် ၁ဝဝဝဝ ကျပ် ကောက်ခံခဲ့ပြီး ပြီးခဲ့သည့်အောက်တိုဘာလ (၁)ရက်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး (၂ဝဝဝဝ) ကျပ်၊ သံရုံးများရှိ နိုင်ငံခြားသားများအတွက် ဧည့်ဝင်ကြေးကို (၁ဝဝဝဝ) ကျပ် ပြောင်းလဲကောက်ခံခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့အရေးများနှင့် နိုင်ငံတကာက သတင်းထူးများ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved