ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိကမ်းခြေမှာ ဆာဒင်းနဲ့ မက်ကရယ်ငါး ထောင်နဲ့ချီ သောင်တင် သေဆုံးနေ
ရောင်နီ(NSS) - ဒီဇင်ဘာ ၁ဝ
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ ဟာကိုဒိတ်မြို့ရှိ Toi ငါးဖမ်းဆိပ်ကမ်းအနီး ထောင်နဲ့ချီတေဲ့ ဆာဒင်းနဲ့ မက်ကရယ် ငါးတွေ သောင်တင်သေဆုံးနေတယ်လို့ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက မြို့တော်အရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။
အဆိုပါငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းဟာ အောက်ဆီဂျင် ရုတ်တရက် ပြတ်တောက်သွားခြင်းကြောင့်ဖြစ်မယ်လို့ ကနဦး ယူဆထားပါတယ်။
ဒီသတင်းကို ရရှိပြီးနောက် အဆိုပါနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ တာဝန်ရှိသူတွေက ငါးဖမ်းဆိပ်ကမ်းအနီးရှိ ကမ်းခြေမှာ သေဆုံးနေတဲ့ ငါးတန်ချိန် အများအပြားကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဟာကိုဒိတ်မြို့အစိုးရနဲ့ ဟော်ကိုင်းဒိုးအစိုးရတို့က ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ငါးအသေကောင်တွေ အနည်း ဆုံး တန်ချိန် ၁,ဝဝဝ ခန့် ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပေမယ့် အမှန်တကယ်အရေအတွက်ဟာ အဲဒီထက်ပိုနိုင်တယ်လို့ ယူဆထားပါတယ်။ ဒီဇင်ဘာ ၉ ရက်မှစ ငါးအသေကောင်တွေကို ရှင်းလင်းရေး လုပ်ခဲ့ပြီး အဆိုပါ သဲထဲလူးနေတဲ့ငါးတွေကို စားသုံးဖို့ မသင့်ဘူးလို့ မြို့အာဏာပိုင်တွေက သတိပေးထားပါတယ်။
Hakodate Fisheries Research Institute မှ အထူးကျွမ်းကျင်သူ မစ္စတာတာကာရှီဖူဂျီအိုကာ က အဆိုပါ ငါးတွေ ဟာ ၎င်းတို့လမ်းကြောင်းမှ အေးခဲဇုန်ထဲ ရုတ်တရက် ရောက်ရှိပြီး အစုလိုက်အပြုံလိုက်သေဆုံးသွားခြင်းဖြစ်မယ် လို့ ပြောကြားထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရန် အမေရိကန်အစိုးရကို ယူကရိန်းသမ္မတဇီလန်စကီး၏ ဇနီးဖြစ်သူ တောင်းဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ