ဟောင်ကောင်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေခြင်းကြောင့် ဝက်အကောင်ရေ ၉ဝဝ ကို သုတ်သင်ရှင်းလင်းဖို့ ပြင်ဆင်နေ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁ဝ
ဟောင်ကောင်၊ New Territories ခရိုင်ရှိ လိုင်စင်ရ မွေးမြူရေးခြံတစ်ခုမှ တိရစ္ဆာန်တွေမှာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ရှိနေကြောင်း တွေ့ရှိပြီးနောက် ဝက်အကောင်ရေ ၉ဝဝ ကျော်ကို သုတ်သင်ဖို့ ဟောင်ကောင်အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။
စမ်းသပ်စစ်ဆေးထားတဲ့ ဝက် အကောင်ရေ ၃ဝ မှာ ၁၉ ကောင်ဟာ ASF ကူးစက်မှု ရှိနေတယ်လို့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ထိန်းသိမ်းရေးဌာန (AFCD) မှ ပြောကြားပြီးနောက် ဝက်အဖျားရောဂါနဲ့ မွေးမြူရေးခြံမှ ဝက်တွေ သယ်ယူပို့ဆောင်ခြင်းကို ချက်ချင်းရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
သုတ်သင်ရှင်းလင်းမှုကို လာမယ့်သီတင်းပတ်အစောပိုင်းမှာ စတင်မယ်လို့ ၎င်းက ဆိုပါတယ်။ AFCD ဝန်ထမ်းတွေ ဟာလည်း အဆိုပါကူးစက်မှုဖြစ်ပွားနေတဲ့ ခြံရဲ့ ၃ ကီလိုမီတာအတွင်းရှိတဲ့ အခြားဝက်မွေးမြူရေးခြံ ၈ ခုကို ASF စစ်ဆေးဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စားသုံးသူတွေအတွက်လည်း ဝက်သားကို သေချာကျက်အောင် ချက်စားဖို့လည်း အကြံပေးထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဟောင်ကောင်ဟာ ASF ကူးစက်မှု တွေ့ရှိတဲ့ တရုတ်ပြည်မကြီးနယ်စပ်အနီး ကျေးလက် ယွန်လောင်ဒေသရှိ လိုင်စင်ရ ဝက်မွေးမြူရေးခြံမှာ ပထမအကြိမ်ဝက်ကောင်ရေ ၅,၆ဝဝ၊ ဒုတိယ အကြိမ် ဝက်ကောင်ရေ ၁၉ဝဝ ခန့်ကို သုတ်သင်ခဲ့ပါတယ်။
အဆိုပါ ASF ကူးစက်ရောဂါဟာ ဝက်တွေကို သေဆုံးစေတဲ့အထိ ပြင်းထန်ပြီး ကုသဆေး မရှိသေးပေမယ့် လူသားတွေကို မထိခိုက်စေဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိကမ်းခြေမှာ ဆာဒင်းနဲ့ မက်ကရယ်ငါး ထောင်နဲ့ချီ သောင်တင် သေဆုံးနေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ