အမေရိကန်အစိုးရရဲ့ဖိအားတွေကြောင့် ဂါဇာဒေသကို လောင်စာဆီတွေပေးပို့ဖို့ အစ္စရေးအစိုးရ ခွင့်ပြု
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၇
အစ္စရေးအစိုးရဟာ အမေရိကန်အစိုးရရဲ့ဖိအားတွေကြောင့် ဂါဇာဒေသကို လောင်စာဆီတွေ ပေးပို့နိုင်အောင် ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရုံးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသမှာ ကူးစက်ရောဂါတွေနဲ့ လူသားချင်းဆိုင်ရာစာနာမှုအခက်အခဲတွေမဖြစ်ရအောင် လောင်စာဆီအနည်းငယ် ပြန်လည်ပေးပို့ ခွင့်ပြုသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
အစ္စရေးအစိုးရဟာ ဂါဇာဒေသရှိဆေးရုံတွေနဲ့ ရေပေးဝေရေး စက်ရုံတွေကို လောင်စာဆီအနည်းငယ် ပေးပို့ခွင့်ပေး သွားမှာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းကတည်းက လောင်စာဆီတင်ပို့မှုတွေ ပိတ်ပင်ကန့်သတ်ထားကြောင်း သိရပါတယ်။
အစ္စရေးအစိုးရက လောင်စာဆီတွေဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လက်ထဲကို ကျရောက်မှာ စိုးရိမ်တဲ့အတွက် လောင်စာဆီတင်သွင်းခွင့် ပိတ်ပင်ကန့်သတ်ထားခြင်းဖြစ်ကြောင်း ယခင်တည်းက ပြောဆိုခဲ့ဖူးပါတယ်။
ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာတာဝန်ရှိသူများက လောင်စာဆီ လိုအပ်ချက်ကြောင့် ကျန်းမာရေးစနစ် အခက်အခဲတွေဖြစ်လာနိုင်သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးကိစ္စတွေ အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအနေနဲ့ လောင်စာဆီတွေကို ဂါဇာဒေသအတွင်း တင်ပို့ခွင့်ပေးဖို့ နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးအောင် လျော့နည်းအောင်လုပ်ဆောင်ဖို့ တိုက်တွန်းဖိအားပေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲချိန်ကာလအတွင်းကလည်း ဂါဇာဒေသကို လောင်စာဆီတွေ တင်ပို့ခွင့်မပေးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ လကျော်လာနေပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၁၆ဝဝဝ ကျော် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်၊ နန်းကြီးကျေးရွာမီးလောင်မှုဖြစ်စဉ်၌ ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း