မတ္တရာမြို့နယ်၊ နန်းကြီးကျေးရွာမီးလောင်မှုဖြစ်စဉ်၌ ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းကြီးကျေးရွာမီးလောင်မှုဖြစ်စဉ်၌ ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာလ ၇ ရက်)၊ နံနက် ၁၁နာရီခွဲဝန်းကျင်အချိန်တွင် မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်ရတဲ့အကြောင်းအရင်းတော့ မသိရသေးပါဘူး။ မီးသတ်က စစ်ဆေးနေတုန်းပါ။ မီးလောင်သွားတာက တောင်ပြုံးနတ်နန်းတောင်ဘက်က အိမ်တွေလောင်သွားတာပေါ့။ နတ်နန်းတော့မလောင်ပါဘူး”ဟု နန်တော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် လူနေအိမ်(၁၀)လုံးသည် မီးလောင်ပျက်စီးသွားခဲ့ရပြီး မီးဘေးသင့်ပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီပေးလျက်ရှိကြောင်း သိရသည်။
“အိမ်က (၁၀)လုံးလောင်သွားတာ။ အဲဒီအထဲမှာမှ ရှေးဟောင်းလူနေအိမ်တစ်လုံးလဲပါသွားသေးတယ်။ မီးလောင်မှုက လူထိခိုက်မှု မရှိခဲ့ပါဘူး။ မီးကတော့ Level 3 အထိဖြစ်ခဲ့တယ်။ မီးလောင်ချိန်က ၁နာရီခွဲလောက်ကြာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မီးသတ်ဖွဲ့တာဝန်ရှိသူများက မီးစတင်လောက်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း