ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုများအပေါ် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်းတောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၅
မြောက်ကိုရီးယားနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါကြိုးပမ်းအားထုတ်မှုများကို လူတိုင်း၏ အိမ်မှုရေးရာကိစ္စတစ်ခုအဖြစ် သဘောထားကြရန် ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာလ(၄)ရက်တွင် ဖော်ပြခဲ့သည်။ ပြုံးယမ်းမြို့ တွင် ဒီဇင်ဘာလ(၃)ရက်က ကျင်းပသော မိခင်များအတွက် ပွဲတော်တစ်ခုအတွင်း ကင်ဂျုံအန်းက ယခုကဲ့သို့ မှတ်ချက်ပြုပြောခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံအန်း က "ကလေးမွေးဖွားမှုနှုန်းကျဆင်းမှုကို ကာကွယ်ဖို့နဲ့ ကလေးတွေကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင် ဖို့ဟာ မိခင်တွေနဲ့အတူ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်ရမယ့် အိမ်မှုရေးရာကိစ္စတစ်ခုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးတစ်ဦးမှ မွေးဖွားသည့် ပျမ်းမျှကလေးအရေအတွက်သည် (၁ ဒသမ ၈) ရာခိုင်နှုန်းသာရှိပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မွေးဖွားမှုနှုန်း ကျဆင်းမှုများရှိနေသည့်ကြားက ယခုကဲ့သို့ ကျဆင်းမှုများ ထပ်မံဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မြောက်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်းသည် အခြားအိမ်နီးချင်းနိုင်ငံများ၏ ကလေးမွေးဖွားမှုနှုန်းထက် ပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ကလေးမွေးဖွားမှုနှုန်း(ဝ ဒသမ ၇၈) ရာခိုင်နှုန်းဖြင့် စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းမှာ (၁ ဒသမ ၂၆) ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုများနှင့်အတူ ကလေး အထူးကုဆရာဝန်များ ရှားပါးလာခဲ့ပြီး ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်ရန်အတွက် မြို့တစ်မြို့တွင် အောင်ပွဲခံ ပွဲတော်များကို ကျင်းပလျက်ရှိကြောင်း သိရသည်။
လူဦးရေ (၂၅)သန်းရှိသော မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ၁၉၉ဝ ပြည့်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် သေစေလောက်သော ငတ်မွတ်ခေါင်းပါးမှုများ၊ ကောက်ပဲသီးနှံများကို ပျက်စီးစေသည့် ရေလွှမ်းမိုးမှု ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ အပါအဝင် အစာရေစာပြတ်လပ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်အာဏာကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရာတွင် ပါဝင်ခဲ့သော ၎င်းတို့၏ အခန်းကဏ္ဍများ အတွက် မိခင်လောင်းများကို ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်းက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်၌ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး(ဟောင်း)ကို PDF (၃)ဦးက သေနတ်ဖြင့်ပစ်သတ်ခဲ့မှု ဘုရားသုံးဆူမြို့တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း