နေအိမ်၌ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး(ဟောင်း)ကို PDF (၃)ဦးက သေနတ်ဖြင့်ပစ်သတ်ခဲ့မှု ဘုရားသုံးဆူမြို့တွင်ဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး(ဟောင်း)ကို PDF အဖွဲ့ဝင်(၃)ဦးက သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
PDF အဖွဲ့ဝင်(၃)ဦးသည် ယနေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက်ပိုင်းက ရပ် ကွက်အုပ်ချုပ်ရေးမှူး(ဟောင်း)၊ ဦးမြတ်ကျော်(၆၅)နှစ်၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်၌ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးမြတ်ကျော်အား သေနတ်များဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
"ဦးမြတ်ကျော် အိမ်မှာရှိနေတဲ့အချိန်လာပြီး ဝင်ပစ်သွားတာ။ ကျည်ထိထားတဲ့ဒဏ်ရာတွေနဲ့အခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ်။ Dead Body ကိုဆေးရုံပို့ထားပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၈ နာရီခွဲခန့်ကလည်း သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ၏ ဘုရားသုံးဆူဘက်သို့သွားသည့် ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အား PDF အဖွဲ့ဝင်များက Drone အသုံးပြု၍ Drop Bomb (၃)လုံးဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Drop Bomb များသည် စစ်ဆေးရေးဂိတ်အနောက်ဘက်ရှိ ရော်ဘာခြံအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံမြို့နယ်ရှိ ငါးကန်အတွင်း၌ ဆယ်ကျော်သက်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း