ကျိုင်းတုံမြို့နယ်ရှိ ငါးကန်အတွင်း၌ ဆယ်ကျော်သက်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ငါးကန်တစ်ခုအတွင်း၌ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးမှုဖြစ်စဉ်သည်သည် ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအတက်လမ်းရှိ ငါးကန်ဟောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကိုလည်း မီးသတ်ကလှမ်းခေါ်တာနဲ့ ရောက်သွားတာ။ သေဆုံးသူက ကလေးပါ။ ရေနစ်တဲ့အကြောင်းကိုတော့ သေချာမသိရပေမယ့် ရေကူးရင်းနစ်တဲ့သဘောပါ”ဟု တိုင်းနေနာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၁၀)နှစ်ကျော်ဝန်းကျင်ဖြစ်ပြီး ရေဆင်းကူးစဉ်ရေနစ်သေဆုံးသွားခဲ့သည်ဟု ယူဆရကြောင်း အထက်ပါနာရေးကူညီမှုအသင်းက ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက နိုင်ငံတကာရာဇဝတ်တရားရုံးတွင် စစ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း တူရကီသမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း