လာမည့်နှစ်မှစတင်၍ ဗိုလ်တထောင်စေတီတော်၌ နိုင်ငံခြားသားများ၏ ဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်
ကျော်(NSS) - ဒီဇင်ဘာ ၄
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်သည့် နိုင်ငံခြားသားများ၏ ဧည့်ဝင်ကြေးကို လာမည့်နှစ်(၂၀၂၄ ခုနှစ်)မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုးမြှင့်ကောက်ခံမည့်နှုန်းထားအား ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လာမည့်နှစ်(၂၀၂၄ ခုနှစ်)၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ဗိုလ်တထောင်စေတီတော်သို့လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများကို ဧည့်ဝင်ကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေ ၁၅၀၀၀ ကျပ်ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလိုပြင်ဆင်ကောက်ခံရတဲ့အကြောင်းရင်းက နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတိုးမြင့်သွားတာကြောင့်လည်းပါလိမ့်မယ်။ အခြား ဘုရား၊ စေတီတွေ ယဥ်ကျေးမှုဇုန်တွေနဲ့ယဥ်ကျေးမှုပြတိုက်တွေမှာလည်း နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို တိုးမြှင့်ကောက်ခံနေကြတာပါပဲ"ဟု ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(ဟောင်း)တစ်ဦးက NSS ကိုပြောသည်။
ဗိုလ်တထောင်စေတီတော်သို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများကို ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဧည့်ဝင်ကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေ ၁၀၀၀၀ ကျပ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ပြည်တွင်းမှဘုရားဖူးများအပြင် ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှလည်း ဘုရားဖူးများလည်းလာရောက်ဖူးမြော်ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၌ လစ်လပ်နေသော ရာထူးနေရာ (၄၇ဝ)ကျော် အတွက် ဝန်ထမ်းများ ခေါ်ယူနေ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း