တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာ
ယွန်း (NSS) - နိုဝင်ဘာ ၂၇
တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာကြောင်း ကျိုက်ထီးရိုးဘုရားဂေါကပအဖွဲ့ထံမှ သိရသည်။
ယခုနှစ်(၂ဝ၂၃ ခုနှစ်) တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူး အများအပြား လာရောက်လျက်ရှိပြီး ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာကြောင်း သိရသည်။
“ဘုရားဖူးကတော့ များတယ်။ မနေ့က အဖိတ်နေ့မှာဆိုရင် ဘုရားဖူးက (၁၃ဝဝ)ကျော် လောက်လာတယ်။ တချို့က လည်း တစ်ယောက်ချင်းစာရင်းပေးတယ် တချို့ကတော့ ဘယ်သူနဲ့အဖွဲ့ဆိုပြီး အဖွဲ့လိုက်ပဲ စာရင်းပေးသွားတဲ့သူ တွေလည်း ရှိတယ်။ စာရင်းတွေအရတော့ (၁၃၇၇)ပဲ ပြီးခဲ့တဲ့နှစ်နဲ့ ယှဥ်ရင်တော့ လာတဲ့သူများတယ်။ ဒီနေ့မှာလည်း ဘုရားဖူးတွေလာပါတယ်” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
လွန်ခဲ့သောနှစ်ပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါပျံ့ပွားကူးစက်မှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဘုရားဖူး လာရောက်သူ နည်းပါးခဲ့သော်လည်း ယခုနှစ်တွင်ဘုရားဖူးဦးရေ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
“ကိုဗစ်မတိုင်ခင်တုန်းကတော့ တော်တော်စည်းကားခဲ့တာပေါ့ဗျာ။ အခုကတော့ သိပ်မစည်ကားတော့ဘူးပေါ့။ ဒါပေမယ့် ကိုဗစ်ဖြစ်ပြီးကာလမှာ လာတဲ့လူဦးရေနဲ့နှိုင်းယှဥ်ရင်တော့ ပြန်ပြီးစည်ကားလာတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘုရားဖူးပြည်သူများ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း လုံခြုံရေးအဖွဲ့ဝင်များက အလေးပေးဆောင်ရွက်လျက်ရှိပြီး နေထိုင်ရေး အပါအဝင် စားသောက်ရေးတို့ကိုလည်း ဂေါပကအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“လုံခြုံရေးနဲ့ပတ်သက်ရင်လည်း လုံခြုံရေးအဖွဲ့ဝင်တွေက လမ်းခရီးတစ်လျှောက်မှာ ထိန်းသိမ်းဆောင်ရွက်ပေးနေ တာတွေရှိတယ်။ အပေါ်ရောက်ရင်လည်း ရင်ပြင်တော်ပေါ်မှာ လုံခြုံရေးကိစ္စကို တာဝန်ယူကြပါတယ်။ ဂေါပက အဖွဲ့တွေကလည်း ဘုရားဖူးတွေရဲ့ စားရေး၊ သောက်ရေး၊ နေထိုင်ရေးတွေကို ချို့ယွင်းချက်မရှိအောင် ဟိုတယ်တွေ မော်တော်ယာဥ်လိုင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးစိုးလှက ဆက်လက်ပြောသည်။
ကျိုက်ထီးရိုးဘုရားသို့ ယခု ၂ဝ၂၃ ခုနှစ် (၁ဝ)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးလာရောက်သူဦးရေ သည် (၁၇ဝဝဝဝ) ကျော်ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့်အချက်များ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း