ဖြစ်ပွားလျက်ရှိနေတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါက ဆန်းသစ်တဲ့ရောဂါမျိုးမဟုတ်ကြောင်း တရုတ်အစိုးရ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ တာဆီးရေးစင်တာက တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်ဘဲ ဆန်းသစ်တဲ့ရောဂါမျိုး မတွေ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရောဂါဖြစ်ပွားသူအများစုဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါမျိုးသာဖြစ်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်ပြီး တင်းကြပ်မှုတွေကိုဖြေလျော့ခဲ့ပြီးနောက် ဖြစ်လာတဲ့ သက်ရောက်မှုမျိုးဖြစ် ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက စတင်ပြီး ကလေးငယ်များ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့ပြီး၊ ဆေးရုံတွေမှာ ကလေးငယ်တွေများနေခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်အာဏာပိုင်များအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုအခြေအနေများနဲ့ပတ်သက်ပြီး သတင်းအချက်လက်တွေ မျှဝေ ပေးစေလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
တရုတ်ကျန်းမာရေးအာဏာပိုင်များက ၎င်းတို့ဟာ အဆုတ်ရောင်ရောဂါ အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းမှုတွေ၊ စစ်ဆေးမှုတွေကို အရှိန်မြင့်လုပ်ဆောင်နေကြောင်း ဆိုပါတယ်။ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက "ရာသီအကူးပြောင်း အစောပိုင်းကာလတွေမှာ တွေ့ကြုံရတဲ့ပုံစံမျိုးအတိုင်း ရောဂါဖြစ်ပွားသူမြင့်တက်နေခြင်းဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း အလားတူ တွေ့ကြုံမှုမျိုးရှိနေပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပိုင်ဂြိုလ်တုလွှတ်တင်ခြင်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်အရ လွှတ်တင်ခြင်းမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ