စပိုင်ဂြိုလ်တုလွှတ်တင်ခြင်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်အရ လွှတ်တင်ခြင်းမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က မကြာသေးမီက စပိုင်ဂြိုလ်တုလွှတ်တင်မှုဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်အခွင့်အရေးကနေ လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ ဘယ်နေရာမှာမဆို တိုက်ခိုက်နိုင်ဖွယ်ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၁ ရက်က စစ်ဘက်သုံးစပိုင်ဂြိုလ်တုတစ်စင်းကို အောင်မြင်စွာလွှတ်တင်ခဲ့ရာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်အစီအစဉ် နဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာ အသုံးပြုမှုတွေကို ချိုးဖောက်တာ မျိုးဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအစိုးရက စပိုင်ဂြိုလ်တု လွှတ်တင်မှု ဟာ ရန်လိုတဲ့တုံ့ပြန်မှုတွေကို ရင်ဆိုင်နိုင်အောင် ကြိုတင်ထောက်လှမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က "မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အရ ထောက်လှမ်းရေးဂြိုလ်တုကို လွှတ်တင်ခဲ့တာပါ။ ဘယ်သူမှ ဟန့်တား၊ ရပ်တန့်လို့မရဘူး" လို့ ပြောပါတယ်။
စစ်ဘက်သုံး စပိုင်ဂြိုလ်တု အောင်မြင်စွာလွှတ်တင်နိုင်ခြင်းအခမ်းအနားကို ခေါင်းဆောင်ကင်ဂျုံအမ်အပြင် ညီမ ဖြစ်သူ နဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယား ဒီနှစ်အတွင်း စပိုင်ဂြိုလ်တု လွှတ်တင်ရေးကြိုးပမ်းခဲ့ပေမယ့် ပထမနှစ်ကြိမ်မအောင်မြင်ခဲ့ဘဲ သုံးကြိမ်မြောက် လွှတ်တင်ချိန်မှာ အောင်မြင်ခဲ့ ခြင်းဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံရဲ့ကူညီပေးမှုကြောင့် စပိုင်ဂြိုလ်တုကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ စပိုင်ဂြိုလ်တု လွှတ်တင်မှု နှစ်ကြိမ် မအောင်မြင်တဲ့အတွက် စက်တင်ဘာလမှာ ရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး၊ ရုရှားသမ္မတပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် စီမံကိန်း(၄)ခုကို အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ