ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိစေရေး စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
Pearl (NSS) - နိုဝင်ဘာ ၂၁
ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိစေရေး စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။
၎င်းက ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်)တွင် မန္တလေးတိုင်း၊ ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ် ငန်းများ အားဖြည့်ဆောင်ရွက်ရန်၊ ကူးစက်ရောဂါများဖြစ်သည့် တီဘီ၊ အိတ်ချ်အိုင်ဗီ၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး နှင့် ဆီးချိုသွေးချိုရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း ဆေးရုံးရှိ ဝန်ထမ်းများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ်မရှိရေး စီစဉ်ဆောင်ရွက်ရန် နှင့် ဆေးရုံတွင် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ချိန်တိုးမြှင့်၍ အခမဲ့ကြည့်ရှုစောင့်ရှောက်မှုပေးခြင်းကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးရန် ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။ လက်ရှိ လူအင်အားဖြင့် ဆေးရုံ၏လုပ်ငန်းဆောင်ရွက်ချက်များကို အကောင်းမွန်ဆုံး ဆောင်ရွက်ရန် အတွက်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းတွေကို ဒရုန်းတွေ၊ အမြှောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာအုပ်စု သတင်းထုတ်ပြန်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ