အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းတွေကို ဒရုန်းတွေ၊ အမြှောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာအုပ်စု သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအုပ်စုတွေဟာ နိုဝင်ဘာ ၂ဝ ရက်က အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စခန်းတွေကို ဒရုန်းတွေ၊ အမြှောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဟစ်ဘိုလာအုပ်စုတွေက ၎င်းတို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအသစ်တွေ စတင်နေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုတွေဟာ ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။
ဟစ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အစ္စရေးပစ်မှတ်များကို ဒရုန်းများနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့သလို အမြှောက်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ ဘာကန် ဒုံးကျည်တွေကိုအသုံးပြုပြီး အစ္စရေးစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးစစ်ဘက်က ၎င်းတို့စစ်စခန်းတွေ နားကိုရောက်ရှိလာတဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အစ္စရေးစစ်ဘက်က ဟစ်ဘိုလာအုပ်စုတွေဟာ နိုဝင်ဘာ ၂ဝ ရက်က နယ်စပ်ဒေသရှိ စစ်စခန်းတွေကို အကြိမ်ပေါင်း ၂၅ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒါပေမယ့် အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ် တွေဟာ ဟစ်ဘိုလာအုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆိုပါတယ်။
အစ္စရေးစစ်ဘက်ကလည်း ဟစ်ဘိုလာအုပ်စုရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး တင်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းဒေသတွေကို တင့်ကားဖျက်ဒုံးကျည်တွေ အသုံးပြုပြီး ပြန်လည်ပစ်ခတ်ခြင်းများလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုက်ဘာကာကွယ်ရေးအကြီးအကဲနှင့် လက်ထောက်တို့ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယူကရိန်းအစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ