တိုက်ပွဲများအတွင်း ဆေးဘက်ဆိုင်ရာအဆောက်အဦးများ၊ ဝန်ထမ်းများ နှင့် လူနာများ မထိခိုက်ရေး အကာအကွယ်ပေးရန် MSF Myanmar တိုက်တွန်းတောင်းဆို
Pearl (NSS) - နိုဝင်ဘာ ၂၀
တိုက်ပွဲများအတွင်း ဆေးဘက်ဆိုင်ရာအဆောက်အဦးများ၊ ဝန်ထမ်းများ နှင့် လူနာများ မထိခိုက်ရေး အကာအကွယ်ပေးရန် MSF Myanmar (နယ်စည်းမထားဆရာဝန်များအဖွဲ့) က တိုက်တွန်းတောင်းဆိုထားသည်။
မကြာသေးမီကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒဏ်ရာရရှိသူ လူနာများအပါအဝင် လူနာအချို့ ဆေးကုသမှုခံယူလျက်ရှိသော ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံသို့ လက်နက်ကြီးထိမှန်ခဲ့ကြောင်း MSF Myanmar ဆိုသည်။
ထိုသို့လက်နက်ကြီးထိမှန်မှုကြောင့် အဆောက်အဦး ပျက်စီးမှုများရှိခဲ့သည်။
လက်ရှိတွင် ဆေးရုံလုပ်ငန်းများ ဆက်လက်လည်ပတ်ဆဲဖြစ်သော်လည်း စွမ်းဆောင်ရည် သိသာစွာကျဆင်းသွားခဲ့ပြီး လူနာအများစု ဆေးရုံဆင်းသွားကာ ကျန်ရှိသောလူနာများအား ပထမထပ်သို့ ရွှေ့ပြောင်းပေးထားကြောင်း MSF Myanmar ဆိုသည်။
ထို့ကြောင့် ဆေးဘက်ဆိုင်ရာအဆောက်အဦးများ၊ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ မထိခိုက်ရေး အကာအကွယ်ပေးရန် ပဋိပက္ခ၌ ပါဝင်ကြသည့် အဖွဲ့အစည်းအားလုံးကို MSF Myanmar က တိုက်တွန်းထားသည်။
မင်းပြားမြို့နယ်တွင် ကျန်ရှိသည့် MSF ဆေးခန်းတစ်ခုသည်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရပ်ဆိုင်းထားရပြီး MSF ၏ လူထုကျန်းမာရေးဝန်ထမ်းများ ဒေသတွင်း၌ ရှိနေဆဲဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာပစ္စည်းများမရရှိမှု၊ ဒေသတွင်း လွတ်လပ်စွာသွားလာရန် ပိုမိုခက်ခဲလာမှုတို့ကြောင့် အခက်တွေ့နေရကြောင်း MSF က ဆိုသည်။
ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ပေါက်တောပြည်သူ့ဆေးရုံသည်လည်း ဝန်ထမ်းများ ဘေးကင်းရာသို့ ရှောင်ကြရသည့်အတွက် လုပ်ငန်းလည်ပတ်မှုမရှိကြောင်း သိရသည်။
အဆိုပါဒေသ၌ ပြည်သူပေါင်း ၁၉,၀၀၀ ခန့်သည် အနီးဝန်းကျင်ရှိ ရွာများ၊ ဝေးလံသည့်ဒေသများသို့ ရွှေ့ပြောင်းသွားကြပြီး တိုက်ပွဲများကြား၌ ပိတ်မိနေဆဲဖြစ်သည့် လူထု၏ အခြေအနေအတွက် MSF အနေဖြင့် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးရုံဆေးပေးခန်း၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းမလုပ်ဆောင်ဘဲ ကာကွယ်ပေးရန် တိုက်တွန်းတောင်းဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ