Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆေးရုံဆေးပေးခန်း၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းမလုပ်ဆောင်ဘဲ ကာကွယ်ပေးရန် တိုက်တွန်းတောင်းဆို

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အရှိန်မြင့်တက်လာခြင်းကြောင့် ဆေးရုံ၊ ဆေးပေးခန်း၊ လူနာများ နှင့် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော နယ်စည်း မခြားဆရာဝန်များအဖွဲ့ဖြစ်သော Médecins Sans Frontières (MSF) (MSF) အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။ 

မြန်မာနိုင်ငံတွင်ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်က တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် ရခိုင်ပြည်နယ်တို့တွင်ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ဖမ်းဆီးခံရခြင်းများရှိလာခဲ့ပြီးနောက်  (MSF) အဖွဲ့က ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။


ပြီးခဲ့သောလပိုင်းအတွင်း ရှမ်းပြည်နယ် ပန်ဆန်းရှိဆေးရုံတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကချင်ပြည်နယ် ဖားကန့် ဆေးရုံ၊ တိုက်ခိုက်ခံရခြင်းများအပြင် ရခိုင်ပြည်နယ်တွင်လည်း လူနာများထံသွားရောက်ရန် လမ်းများပိတ်ဆို့ တားဆီးခံရခြင်းများဖြစ်ပွားခဲ့ကြောင်း (MSF) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV  နှင့်  TB ရောဂါရှိနေသူများကို အဓိကထား ပံ့ပိုးကူညီကုသပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားလာကာ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရခြင်း၊ ဝန်ထမ်းများဖမ်းဆီးခံရခြင်း၊ စသည့်ဖြစ်ရပ်များသည် လိုအပ်ချက်ရှိနေသည့် လူနာများ ဆေးဝါး ကုသရန်လွှဲချော်မှုများဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့အခြေအနေများကြောင့် HIV  နှင့်  TB ရောဂါရှိနေသူများအတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး အန္တရာယ်ရှိစေသလို ဆေးယာဉ်ပါးမှုဒဏ်ကို ခံနိုင်ရမည်မရှိခြင်း၊ ရောဂါကူးစက်ခြင်းများ ပိုမိုဖြစ်လာနိုင်သည့် အခြေအနေများရှိလာနိုင်ကြောင်း (MSF) အဖွဲ့က ပြောသည်။

(MSF) အဖွဲ့က "ဆေးရုံနဲ့ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦးများကို ကာကွယ်ပေးရမယ်ဆိုတဲ့အချက်ကို လစ်လျူရှုထားတာကို လက်မခံနိုင်ဖွယ်တွေ့မြင်နေရတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခြင်း ကြောင့် နိုင်ငံတဝှမ်းမှာ ဆေးဝါးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူမြင့်တက်လာနေတယ်။ 

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေဘေးကင်းလုံခြုံမှုရှိအောင် လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်။ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေတဲ့သူတွေထံအတားအဆီးမရှိဘဲ ဘေးကင်းစွာနဲ့သွားလာခွင့် ရစေလိုတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကျန်းမာရေးဝန်ထမ်းများ ဖမ်းဆီးခံရတာမျိုးတွေ ရှိနေ တယ်" ဟု ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးပိုင်နက်ကို လက်ဘနွန်အခြေစိုက်လက်နက်ကိုင်အဖွဲ့က ရော့ကဒ်ဒုံးကျည်များ အပါအဝင် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့အကြိမ်ပေါင်း ၁ဝဝဝ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved