အစ္စရေးပိုင်နက်ကို လက်ဘနွန်အခြေစိုက်လက်နက်ကိုင်အဖွဲ့က ရော့ကဒ်ဒုံးကျည်များ အပါအဝင် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့အကြိမ်ပေါင်း ၁ဝဝဝ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်ဒုံးကျည်များ၊ အမြှောက်များနဲ့ အကြိမ်ပေါင်း ၁ဝဝဝ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က "ကျွန်တော်တို့ အစ္စရေးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေရဲ့အဓိကအရင်းမြစ်ဟာ အီရန်ဖြစ်ပါတယ်။ စစ်ပွဲဟာ ဂါဇာဒေသမှာဖြစ်နေပေမယ့် ဘက်စုံဖြစ်လာနိုင် တယ်။ ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို ရော့ကတ်၊ အမြှောက်၊ ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်း ၁ဝဝဝ ချန်ပစ်ခတ်ခဲ့တယ်။ အဲဒီပစ်ခတ်မှုတွေ ကြောင့် အစ္စရေးစစ်သားအနည်းငယ်သာ ထိခိုက်ခဲ့ရတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နေ့တိုင်း ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်ပေးနေရတယ်" လို့ ပြောပါတယ်။
အဆိုပါအဖွဲ့ဟာ အီရန်နိုင်ငံထံကနေ အကူအညီတွေရယူနေတဲ့အဖွဲ့အစည်းနေပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားကြောင်း သိရပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက "အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖို့ အီရတ်၊ ဆီးရီးယား၊ ယီမင်ရှိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဟစ်ဘိုလာအုပ်စုတွေကို ကြားခံအဖြစ် အသုံးချနေတယ်။ ကျွန်တော်တို့ဟာ အဲဒီ တိုက်ခိုက်မှုတွေကို ဘယ်လိုမျိုးပြန်လည်တုံ့ပြန်သွားမှာပါ" လို့ ပြောပါတယ်။
အစ္စရေးဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အမြှောက်တွေနဲ့ ပြန်လည်ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့် ထိုင်းကုမ္ပဏီ (၁၂၀)ကျော်ကို အလုပ်သမားဝန်ကြီးဌာန အမည်ပျက်စာရင်းသွင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ