အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့် ထိုင်းကုမ္ပဏီ (၁၂၀)ကျော်ကို အလုပ်သမားဝန်ကြီးဌာန အမည်ပျက်စာရင်းသွင်း
စော (NSS) - နိုဝင်ဘာ ၂၀
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့် ထိုင်းကုမ္ပဏီ (၁၂၀)ကျော်၊ မြန်မာအလုပ်သမားအေဂျင်စီ (၈)ခုတို့ကို အလုပ်သမားဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်း၍ အရေးယူထားကြောင်း သိရသည်။
အလားတူ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်းအလုပ်သမားအေဂျင်စီ (၂ဝ)၊ မြန်မာအလုပ်သမားများကို ကိုယ်စာလှယ်အဖြစ် ခေါ်ယူခွင့်မရှိသူ (၁၂၅)ဦးတို့ အမည်ပျက်စာရင်းသွင်းထားကြောင်း ယခုရက်ပိုင်းအတွင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
“ထိုင်းအေဂျင်စီဘက်မှာရော မြန်မာအေဂျင်စီဘက်မှာရော ညွှန်ကြားချက်တို့ ဥပဒေတို့ထဲမှာ တစ်ခုခုနဲ့ငြိစွန်းတယ်ဆိုရင် သူတို့ရဲ့ပြစ်မှုအတိမ်အနက်အလိုက် သူတို့ကို အပြစ်ပေးတာမျိုးရှိတယ်။ ပြစ်မှုအတိမ်အနက်ရယ်၊ အခြေအနေရယ်၊ မူဝါဒရယ် အကုန်ချိန်ညှိပြီးတော့မှ သူတို့ကို စာရင်းရေးသွင်းတာမျိုးရှိတယ်။ တစ်ချို့ဆို (၆)လပိတ်တို့၊ တစ်နှစ်ပိတ်တို့ရှိတယ်။ သူတို့ရဲ့ ပြစ်မှုအတိမ်အနက်ပေါ်မူတည်ပြီး အရေးယူတာရှိတယ်”ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မြန်မာအေဂျင်စီ (၈)ခုကို လိုင်စင် (၆)လပိတ်သိမ်းခြင်းနှင့် လိုင်စင် (၁)နှစ် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူထားကြောင်း အလုပ်သမားဝန်ကြီးဌာနကဆိုသည်။
“အဲဒီမှာလည်းပဲ ကုမ္ပဏီတွေဘက်မှာ Right ရှိတာပေါ့။ သူတို့ကိုဘာကြောင့် blacklist သွင်းသလဲ။ သူတို့က တကယ်အဖြစ်အမှန်ကတော့ ဒီလိုပါ။ သူတို့ပေါ်မှာ စွပ်စွဲထားမှု၊ သူတို့ပေါ်မှာ action ယူထားမှုက ဒီလိုပါဆိုပြီး သူတို့မှာလည်း ပြန်လည်ရှင်းလင်းခွင့်ရှိတာပေါ့။ ရှင်းလင်းမယ်တင်ပြမယ်ဆိုရင်လည်း ပြန်ကြည့်ပြီးတော့ စိစစ်မယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၄၉၈)ခုရှိပြီး ၎င်းတို့အနက် ထိုင်းသို့ စေလွှတ်ခွင့်ရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီသည် (၁၅၇)ခု ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀)နီးပါးရောက်ရှိလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ