မြန်မာနိုင်ငံ၌ မြေဆိပ်ဖြေဆေးထုတ်လုပ်ခြင်း နှင့် သွေးရည်ကြည် စုဆောင်းခြင်းစီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် မကြာမီပူးပေါင်းဆောင်ရွက်မည်
Pearl (NSS) - နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ၌ အရည်အသွေးပြည့်မီသော မြေဆိပ်ဖြေဆေးထုတ်လုပ်ခြင်း နှင့် သွေးရည် ကြည်စုဆောင်းခြင်း စီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် မကြာမီပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်တွင် ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ နှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘရာဇီးလ် ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၊ အာဖရိက၊ အာရှ နှင့် သမုဒ္ဒရာကျွန်းစုဒေသဆိုင်ရာ နည်းပညာအထွေထွေပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၏ အကြီးအကဲဖြစ်သူ Mr. Nelci Peres Caixeta တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ နှင့် ဘရာဇီးလ်ကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာ၌ အသုံးပြုသော နည်းပညာများမြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်အရ အကောင်အထည် ဖော်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ နှစ်နိုင်ငံ နည်းပညာ၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်မှု အစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စီမံကိန်းသဘောတူညီချက်မှတစ်ဆင့် မြန်မာ့ဆေးဝါးစက်ရုံ - အင်းစိန် (BPI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆောင်ပိုလိုမြို့အခြေစိုက် Butantan Institute တို့ကြား မြန်မာနိုင်ငံတွင် အရည် အသွေးပြည့်မီသည့် မြေဆိပ်ဖြေဆေးအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည် စုဆောင်းခြင်း စီမံချက်များလည်း မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၄)ရက်ကလည်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ မြွေဆိပ်ဖြေဆေး အေးခဲခြောက်ထုတ်လုပ်ရေးစက်(Freeze Dryer Machine) သစ်ကိုလည်း ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ ပဲခူး၊ မကွေး အပါအဝင် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မြွေအန္တရာယ် များပြားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်ဖွယ်ရှိနေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ