အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
ရုရှားသမ္မတပူတင်ဟာ လာမယ့်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို ပါဝင်ဖွယ်ရှိနေကြောင်း၊ သမ္မတပူတင်ဟာ အွန်လိုင်းကကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို ပါဝင်မှာဖြစ်ကြောင်း ရုရှားအခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက နယူးဒေလီမြို့မှာကျင်းပခဲ့တဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။
ရုရှားမီဒီယာတွေက "လာမယ့် သီတင်းပတ်အတွင်းမှာ အွန်လိုင်းက ကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် ပါဝင်တက်ရောက်မယ်လို့ မျှော်လင့်ရတယ်။ ရုရှားသမ္မတဟာ ဂျီ ၂ဝ အဖွဲ့မှာ ပါဝင်နေတဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းတက်ရောက်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ရုရှားသမ္မတပူတင်ကို ဖိတ်ကြားတာမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အေပက်ထိပ်သီးအစည်းအဝေးဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Marat Berdyev က "ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် ရုရှားသမ္မတပူတင်ကို ဖိတ်ကြားတာမျိုးမရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ Belt and Road ရပ်ဝန်းစီမံကိန်းကိုတက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးအတွင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာ အော်ဘန် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပူတင်ဟာ ပြီးခဲ့တဲ့သြဂုတ်လက တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံရပေမယ့် ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ၎င်းတို့နေထိုင်ရာ တဲနှင့်အတူ မီးရှို့သတ်ဖြတ်မှု သရက်ချောင်းမြို့နယ်၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ