လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ၎င်းတို့နေထိုင်ရာ တဲနှင့်အတူ မီးရှို့သတ်ဖြတ်မှု သရက်ချောင်းမြို့နယ်၌ဖြစ်ပွား
NSS - နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ၎င်းတို့နေထိုင်ရာတဲနှင့်အတူ မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၆ ရက်၊ ည ၈နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအနီးရှိ ဥယျာဉ်ခြံစောင့်တဲတစ်ခုတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆင်ကူးကျေးရွာနေ ဦးသိန်းထွန်း(၆၂)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်း(၅၇)နှစ်တို့သည် အဆိုပါကျေးရွာအနီးရှိ ဥယျာဉ်ခြံစောင့်တဲ၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၂၀)ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်သတ်ကာ ခြံစောင့်တဲအား မီးရှို့ဖျက်ဆီးသွားခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပစ်သတ်ခံရမှု နှင့် တဲအတွင်းမီးလောင်ခံရမှုများကြောင့် ဦးသိန်းထွန်းနှင့် ဒေါ်ဖြူဖြူသန်းတို့လင်မယား(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာနှင့် မီးလောင်ကျွမ်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို စစ်လက်နက်ပစ္စည်းရောင်းချပေးမှုအတွက် အမေရိကန်နိုင်ငံကို မြောက်ကိုရီးယားနိုင်ငံ စိတ်ဆိုးဒေါသဖြစ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း