ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို စစ်လက်နက်ပစ္စည်းရောင်းချပေးမှုအတွက် အမေရိကန်နိုင်ငံကို မြောက်ကိုရီးယားနိုင်ငံ စိတ်ဆိုးဒေါသဖြစ်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
မြောက်ကိုရီးယားနိုင်ငံဟာ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခြင်းနဲ့ပတ်သတ်ပြီး အမေရိကန်နိုင်ငံကို ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ ဒေသအတွင်း တင်းမာမှုတွေ ပိုမိုဖြစ်လာစေသလို ဒေသအတွင်းမှာစစ်လက်နက်ပစ္စည်း ပြိုင်ဆိုင်မှုတွေ ပိုမိုအရှိန်မြင့်လာအောင် လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ၎င်းတို့အနေနဲ့ ဒေသအတွင်းမတည်ငြိမ်မှုတွေကို တုံ့ပြန်နိုင်အောင်တားဆီးဖို့ လိုအပ်တာတွေလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အမေရိကန် နဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံတွေဟာ ဒေသအတွင်းမှာ မတည်ငြိမ်မှုများ၊ တင်းမာမှုများ ပိုမိုဖြစ်အောင်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံထံကနေ Tomahawk ဒုံးကျည်တွေ အစင်းပေါင်း ၄ဝဝ ကျော် ဝယ်ယူဖို့ စီစဉ်ခဲ့ပြီး အမေရိကန်ပင်တဂွန်စစ်ဌာန ချုပ်ကလည်းခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာ ၎င်းတို့စစ်တပ်ကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကြီးမားဆုံးပြုပြင်ပြောင်းလဲဖို့ စီစဉ်နေရာအမေရိကန်နိုင်ငံထံကနေ ဒေါ်လာ ၂ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ ဒုံးကျည်များနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံကိုလည်း Sidewinder အမည်ရှိ ဒုံးကျည်တွေနဲ့ Standard ဒုံးကျည်တွေ ရောင်းချဖို့ ခွင့်ပြုခဲ့ကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရက "အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းရောင်းချမှုတွေက အကျိုးမြတ်များစွာရရှိနေတယ်။ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေရဲ့စစ်ရေးခြိမ်းခြောက်မှုတွေကို ပြစ်တင်ရှုတ်ချပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်ရှင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာကို လာမည့် (၂၃)ရက်တွင် ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ