စင်ကာပူမှာ ကိုယ်အလေးချိန်ကျစေတဲ့ ဆေးဝါးအချို့မှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေခြင်းကြောင့် ရောင်းချခြင်းကန့်သတ်ထား
ရောင်နီ (NSS) - နိုဝင်ဘာ ၁၁
စင်ကာပူမှာ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး နဲ့ ကုထုံးအချို့မှာတွေ့ရတဲ့ ဓာတုပစ္စည်း 2.4-Dinitrophenol (DNP) ကို အဆိပ်အဖြစ်စာရင်းသွင်းထားပြီး ၎င်းပါဝင်တဲ့ ထုတ်ကုန်တွေ ရောင်းချခြင်းကို ကန့်သတ်ထားပါတယ်။
2.4-Dinitrophenol (DNP) နဲ့ DNP ပါဝင်တဲ့ ဆားတွေကို အဆိပ်အက်ဥပဒေမှာ နိုဝင်ဘာလ ၁ ရက်က ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ အဆိပ်စာရင်းမှာ သတ်မှတ်ခံထားရတဲ့ ဓာတုပစ္စည်းတွေပါရှိတဲ့ ကျန်းမာရေးဖြည့်စွက်ဆေးဝါးတွေနဲ့ တိုင်းရင်းဆေးဝါးတွေလိုမျိုး ကျန်းမာရေးမြှင့်တင်ထုတ်ကုန်တွေ တင်သွင်းခြင်းနဲ့ထောက်ပံ့ခြင်းကို ထိန်းချုပ်ဖို့အတွက် ဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်းထားပါတယ်။
"DNP ဟာ လူစားသုံးဖို့ မသင့်လျော်တဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းဖြစ်ပြီး စင်ကာပူရှိ ကျန်းမာရေး ထုတ်ကုန်အားလုံးမှာ ၎င်းကို တားမြစ်ထားတယ်"လို့ ကျန်းမာရေးသိပ္ပံ အာဏာပိုင်က ပြောကြားပါတယ်။
ဒေသတွင်း e-commerce ပလပ်ဖောင်းတွေမှာ ကိုယ်အလေးချိန်လျှော့ချတဲ့ ထုတ်ကုန်တွေအဖြစ် DNP ရောင်းချနေတာကို တွေ့ရှိရပြီး အများပြည်သူကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့အတွက် အွန်လိုင်းမှာရောင်းချခြင်းများမှ ချက်ခြင်းဖယ်ရှားဖို့ အွန်လိုင်း ပလပ်ဖောင်း စီမံခန့်ခွဲသူတွေနဲ့ အနီးကပ်လုပ်ဆောင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ တားမြစ်ထားတဲ့ DNP ပါဝင်တဲ့ ကျန်းမာရေးထုတ်ကုန်များ တရားမဝင်တင်သွင်းမှုနဲ့ ရောင်းချသူများအပေါ်သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ HSK မှ ပြောကြားပါတယ်။
DNP ပါဝင်တဲ့ ကုန်ပစ္စည်းရောင်းချသူတွေဟာ ယခုအချိန်မှာတော့ စင်ကာပူမှာ အဆိပ်တင်သွင်းဖြန့်ဖြူးမှုနဲ့ တရားစွဲခံရမှာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားခဲ့ရင် ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် နှစ်နှစ်အထိ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့တွေ့ဆုံဆွေးနွေးမယ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ