လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့တွေ့ဆုံဆွေးနွေးမယ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့ဟာ နိုဝင်ဘာလ ၁၅ ရက်မှာတွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးဟာ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးအပါအဝင် အခြားကိစ္စများကြောင့် အေးစက်ခဲ့ပြီး တင်းမာမှုတွေလည်းရှိနေခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့တွေ့ဆုံမှုဟာ ဒီနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံရဲ့ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
အိမ်ဖြူတော်က သမ္မတဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင့်တို့ဟာ အမေရိကန်နိုင်ငံမှာကျင်းပမယ့် အေပက်ထိပ်သီးအစည်းအဝေးကျင်းပချိန်အတွင်းတွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Karine Jean-Pierre က" ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးပွင့်လင်းမြင့်သာစေဖို့နဲ့ အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးဖွယ်ရှိပါတယ်။ဒါ့ပြင်ကုန်သွယ်ရေးနဲ့ ထိုင်ဝမ်အရေးကိစ္စတွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်ဝန်းတွေကို သက်ရောက်မှုဖြစ်စေတဲ့ စိန်ခေါ်မှုနဲ့အကျိုးစီးပွားကိစ္စတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဖြေရှင်းသွားမယ်"လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ အမေရိကန်သမ္မတရဲ့ဖိတ်ကြားချက်အရ အေပက်ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း ဆိုပါတယ်။ အမေရိကန် သမ္မတ နဲ့ တရုတ်သမ္မတတို့တွေ့ဆုံဆွေးနွေးမှုမလုပ်ဆောင်မီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့လပိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ တရုတ်သမ္မတဟာ ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်မယ့်ခရီးစဉ်လည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးဝမြို့နယ်၌ အမျိုးသား(၆)ဦးနှင့် ကျောင်းဆရာမ(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ