ဗိုလ်တထောင်စေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲကျင်းပမည်
ကျော် (NSS) - နိုဝင်ဘာ ၈
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ဗိုလ်တထောင်စေတီတော်၏ မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲအား နိုဝင်ဘာလ ၂၆ ရက်(တန်ဆောင်မုန်း လဆန်း ၁၄ ရက်)ညပိုင်းမှစတင်၍ ပြိုင်ပွဲဝင်အသင်းများက ယှဥ်ပြိုင်ရက်လုပ်သွားမည်ဖြစ်သည်။
ထို့နောက် ရရှိလာသည့် မသိုးရွှေကြာသင်္ကန်းများကို နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းတွင် ဗိုလ်တထောင်စေတီတော်ရှိ ဘုရားရုပ်ပွားတော်များအား ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ပထမဆု ၁၅ သိန်းကျပ်၊ ဒုတိယဆု ၁၀ သိန်းကျပ်၊ တတိယဆု ၈ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၄ သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုငွေနှင့်အတူ ဆုတံဆိပ်များလည်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ရာ ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် လျှောက်လွှာများအား နိုဝင်ဘာလ ၁၆ ရက်၊ နေ့လည် ၃ နာရီမတိုင်မီအထိ ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်ကုန်သည်များ ယခုလ၌ ဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွှန်းဆန်ဈေးနှုန်းများကို MRF အသိပေးထုတ်ပြန်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း