ကယ်လီဖိုးနီးယား၌ နေထိုင်သူအချို့ နေအိမ်ထဲမှာ ပိတ်မိနေသည်အထိ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုဖြစ်ပွား
ရောင်နီ (NP News) - မတ် ၄
ကယ်လီဖိုးနီးယားမှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ခရီးသွားလာဖို့ အဆင်မပြေတဲ့ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး အချို့နေထိုင်သူများမှာ ၎င်းတို့ရဲ့ နေအိမ်ထဲမှာ ပိတ်မိနေသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ တောင်တန်းရပ်ရွာအချို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးနှင်း ၃ မီတာ (၁ဝ ပေ)အထိ ကျဆင်းခဲ့ကြောင်း အမျိုးသားမိုးလေဝသဌာန (NWS) က ပြောကြားပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်း တောင်တန်းဒေသတွေမှာ လမ်းတွေပေါ် ဆီးနှင်းများ ပိတ်ဆို့နေခြင်းကြောင့် နောက်ထပ်ရက် သတ္တပတ်ကြာတဲ့အထိ လျှပ်စစ်မီးများ ပြတ်တောက်နေနိုင်တယ်လို့ ဆမ်ဘာနာဒီနို ကောင်တီ ရဲအရာရှိ ရှန်နွန်ဒီကပ်က ဆိုပါတယ်။
ကယ်လီဖိုးနီးယားမှာ ဆောင်းရာသီမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်ခဲ့ပြီး ပြည်နယ်ရဲ့ ရေပေးဝေမှုကို ခက်ခဲစေတာကြောင့် ရေလိုအပ်မှုများစွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ သောကြာနေ့က PowerOutage.us ဝက်ဘ်ဆိုဒ်မှ ခန့်မှန်းချက်အရ ကယ်လီဖိုးနီးယားရှိ နေထိုင်သူ လူ ၄၅ဝဝဝ နီးပါးရှိတဲ့ ပြည်နယ်အလယ်ပိုင်း၊ ဆကရာမန်တို နဲ့ ဟိုက်ဆီးရား ဒေသများမှာ လျှပ်စစ်ဓာတ်အား အများဆုံး ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွန်က ဗုဒ္ဓဟူးနေ့ ကတည်းက ဆန်ဘာနာဒီနိုအပါအဝင် ခရိုင် (၁၃)ခုကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အရေးပေါ်ကြိုးပမ်းမှုများကို ကူညီဆောင်ရွက်ရန် အမျိုးသားအစောင့်တပ်ကို ခေါ်ယူခဲ့ပါတယ်။
"မကြုံစဖူး ဆီးနှင်းထူထပ်စွာ ကျဆင်းမှုများဖြစ်ခဲ့တဲ့ တောင်တန်းဒေသများတစ်လျှောက်ရှိ ဆီးနှင်းကုဗ ပေ ခုနစ်သန်းကျော် (၁၉၈၂၁၈ ကုဗမီတာ) ကို ရှင်းလင်းဖယ်ရှားလိုက်ပါပြီ" လို့ ဆမ်ဘာနာဒီနို ကောင်တီ မီးသတ်တပ်ရင်းမှူး မိုက်ခ်အမ်စီကလင်တော့က သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ မီးသတ်သမား ၄ဝဝ ကျော်ခန့်ဟာ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ ဒေသနဲ့ ပြည်နယ်တွေမှာ နေထိုင်သူတွေအတွက် တစ်နေ့လုံး အလုပ်လုပ်နေပါတယ်" လို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
zawgyi version
ကယ္လီဖိုးနီးယား၌ ေနထိုင္သူအခ်ိဳ႕ ေနအိမ္ထဲမွာ ပိတ္မိေနသည္အထိ ဆီးႏွင္းမ်ား ထူထပ္စြာက်ဆင္းမႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၄
ကယ္လီဖိုးနီးယားမွာ လွ်ပ္စစ္မီးျပတ္ေတာက္မႈနဲ႔ ခရီးသြားလာဖို႔ အဆင္မေျပတဲ့ ဆီးႏွင္းမ်ား ထူထပ္စြာ က်ဆင္းမႈဒဏ္ကို ရင္ဆိုင္ေနရၿပီး အခ်ိဳ႕ေနထိုင္သူမ်ားမွာ ၎တို႔ရဲ႕ ေနအိမ္ထဲမွာ ပိတ္မိေနသည္အထိ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။
ကယ္လီဖိုးနီးယားေတာင္ပိုင္းရွိ ေတာင္တန္းရပ္႐ြာအခ်ိဳ႕မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က ဆီးႏွင္း ၃ မီတာ (၁ဝ ေပ)အထိ က်ဆင္းခဲ့ေၾကာင္း အမ်ိဳးသားမိုးေလဝသဌာန (NWS) က ေျပာၾကားပါတယ္။ ကယ္လီဖိုးနီးယား ေတာင္ပိုင္း ေတာင္တန္းေဒသေတြမွာ လမ္းေတြေပၚ ဆီးႏွင္းမ်ား ပိတ္ဆို႔ေနျခင္းေၾကာင့္ ေနာက္ထပ္ရက္ သတၱပတ္ၾကာတဲ့အထိ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ေနႏိုင္တယ္လို႔ ဆမ္ဘာနာဒီႏို ေကာင္တီ ရဲအရာရွိ ရွန္ႏြန္ဒီကပ္က ဆိုပါတယ္။
ကယ္လီဖိုးနီးယားမွာ ေဆာင္းရာသီမုန္တိုင္းမ်ား ဆက္တိုက္ တိုက္ခတ္ခဲ့ၿပီး ျပည္နယ္ရဲ႕ ေရေပးေဝမႈကို ခက္ခဲေစတာေၾကာင့္ ေရလိုအပ္မႈမ်ားစြာျဖစ္ပြားေနတယ္လို႔ သိရပါတယ္။ ေသာၾကာေန႔က PowerOutage.us ဝက္ဘ္ဆိုဒ္မွ ခန႔္မွန္းခ်က္အရ ကယ္လီဖိုးနီးယားရွိ ေနထိုင္သူ လူ ၄၅ဝဝဝ နီးပါးရွိတဲ့ ျပည္နယ္အလယ္ပိုင္း၊ ဆကရာမန္တို နဲ႔ ဟိုက္ဆီးရား ေဒသမ်ားမွာ လွ်ပ္စစ္ဓာတ္အား အမ်ားဆုံး ျပတ္ေတာက္ခဲ့ေၾကာင္း သိရပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ဂါဗင္နယူဆြန္က ဗုဒၶဟူးေန႔ ကတည္းက ဆန္ဘာနာဒီႏိုအပါအဝင္ ခ႐ိုင္ (၁၃)ခုကို အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး အေရးေပၚႀကိဳးပမ္းမႈမ်ားကို ကူညီေဆာင္႐ြက္ရန္ အမ်ိဳးသားအေစာင့္တပ္ကို ေခၚယူခဲ့ပါတယ္။
"မႀကဳံစဖူး ဆီးႏွင္းထူထပ္စြာ က်ဆင္းမႈမ်ားျဖစ္ခဲ့တဲ့ ေတာင္တန္းေဒသမ်ားတစ္ေလွ်ာက္ရွိ ဆီးႏွင္းကုဗ ေပ ခုနစ္သန္းေက်ာ္ (၁၉၈၂၁၈ ကုဗမီတာ) ကို ရွင္းလင္းဖယ္ရွားလိုက္ပါၿပီ" လို႔ ဆမ္ဘာနာဒီႏို ေကာင္တီ မီးသတ္တပ္ရင္းမႉး မိုက္ခ္အမ္စီကလင္ေတာ့က ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
"ကြၽန္ေတာ္တို႔ရဲ႕ မီးသတ္သမား ၄ဝဝ ေက်ာ္ခန္႔ဟာ ဆီးႏွင္းေတြ ဖုံးလႊမ္းေနတဲ့ ေဒသနဲ႔ ျပည္နယ္ေတြမွာ ေနထိုင္သူေတြအတြက္ တစ္ေန႔လုံး အလုပ္လုပ္ေနပါတယ္" လို႔ ၄င္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်း၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင်(၃)ဦးသေဆုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ