အမြန်လမ်း၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင်(၃)ဦးသေဆုံး
Pearl (NP News) - မတ် ၄
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ အပါအဝင် (၃)ဦးသေဆုံးခဲ့ကြောင်း Myanmar Rescue (Hswar) မှ သတင်းရရှိသည်။
ယနေ့(မတ်လ ၄ ရက်)၊ နံနက် (၅) နာရီခွဲအချိန်ခန့်၌ အမြန်လမ်း (၁၆၇)မိုင် အရောက်တွင် နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော ဒို့ညီနောင်အမြန်ယာဉ်လိုင်းကားသည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းရှိ Guard Rail တန်းများကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား (၃)ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး (၁ဝဦး) ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
"အမျိုးသား (၃)ဦး သေဆုံးတယ်။ ကားစပါယ်ယာတစ်ဦး၊ အခြားတစ်ဦး နဲ့ လက်ဝှေ့ချန်ပီယံ ရွှေဓူဝံပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ ပွန်းပဲ့ဒဏ်ရာကြီးကြီးမားမားရတာရှိပေမယ့် အရမ်းစိုးရိမ်ရတဲ့အခြေ အနေတွေတော့မဟုတ်ပါဘူး" ဟု Myanmar Rescue (Hswarမ) မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
သေဆုံးသူ လက်ဝှေ့ချန်ပီယံ ရွှေဓူဝံသည် လက်ပြတ်ဒဏ်ရာရရှိခဲ့ပြီး ၊ ယာဉ်နောက်လိုက် နှင့် အခြားသေဆုံးသူတစ်ဦးမှာ မျက်နှာနှင့် ဝမ်းဗိုက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ရွှေဓူဝံသည် မြန်မာ့လက်ဝှေ့လောကတွင် လူသိများထင်ရှားခဲ့သည့် လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ၁၉၉ဝ ပြည့်လွန်နှစ်များတွင် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ဆုများကို ရရှိခဲ့သူလည်းဖြစ်သည်။ ၎င်းသည် သေဆုံးချိန်တွင် အသက် ၅၃ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများသည် မျက်နှာပွန်းပဲ့ဒဏ်ရာများ၊ ခြေထောက် နှင့် လက်တို့တွင် ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေများမဟုတ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဆေးကုသနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
အျမန္လမ္း၌ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ခ်န္ပီယံေဟာင္း ေ႐ႊဓူဝံအပါအဝင္(၃)ဦးေသဆုံး
Pearl (NP News) - မတ္ ၄
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ခ်န္ပီယံေဟာင္း ေ႐ႊဓူဝံ အပါအဝင္ (၃)ဦးေသဆုံးခဲ့ေၾကာင္း Myanmar Rescue (Hswar) မွ သတင္းရရွိသည္။
ယေန႔(မတ္လ ၄ ရက္)၊ နံနက္ (၅) နာရီခြဲအခ်ိန္ခန႔္၌ အျမန္လမ္း (၁၆၇)မိုင္ အေရာက္တြင္ ေနျပည္ေတာ္ဘက္မွ ရန္ကုန္သို႔ ေမာင္းႏွင္လာေသာ ဒို႔ညီေနာင္အျမန္ယာဥ္လိုင္းကားသည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းလယ္ကြၽန္းရွိ Guard Rail တန္းမ်ားကို တိုက္မိကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသား (၃)ဦး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား(၁၅)ဦး ႏွင့္ အမ်ိဳးသမီး (၁ဝဦး) ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
"အမ်ိဳးသား (၃)ဦး ေသဆုံးတယ္။ ကားစပါယ္ယာတစ္ဦး၊ အျခားတစ္ဦး နဲ႔ လက္ေဝွ႔ခ်န္ပီယံ ေ႐ႊဓူဝံပါတယ္။ ဒဏ္ရာရရွိသူေတြကေတာ့ ပြန္းပဲ့ဒဏ္ရာႀကီးႀကီးမားမားရတာရွိေပမယ့္ အရမ္းစိုးရိမ္ရတဲ့အေျခ အေနေတြေတာ့မဟုတ္ပါဘူး" ဟု Myanmar Rescue (Hswarမ) မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
ေသဆုံးသူ လက္ေဝွ႔ခ်န္ပီယံ ေ႐ႊဓူဝံသည္ လက္ျပတ္ဒဏ္ရာရရွိခဲ့ၿပီး ၊ ယာဥ္ေနာက္လိုက္ ႏွင့္ အျခားေသဆုံးသူတစ္ဦးမွာ မ်က္ႏွာႏွင့္ ဝမ္းဗိုက္တို႔တြင္ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ေ႐ႊဓူဝံသည္ ျမန္မာ့လက္ေဝွ႔ေလာကတြင္ လူသိမ်ားထင္ရွားခဲ့သည့္ လက္ေဝွ႔သမားတစ္ဦးျဖစ္ၿပီး ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားတြင္ ျမန္မာ့႐ိုးရာလက္ေဝွ႔ ေ႐ႊခါးပတ္ဆုမ်ားကို ရရွိခဲ့သူလည္းျဖစ္သည္။ ၎သည္ ေသဆုံးခ်ိန္တြင္ အသက္ ၅၃ ႏွစ္ခန႔္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ဒဏ္ရာရရွိသူမ်ားသည္ မ်က္ႏွာပြန္းပဲ့ဒဏ္ရာမ်ား၊ ေျခေထာက္ ႏွင့္ လက္တို႔တြင္ က်ိဳးပဲ့ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ၿပီး စိုးရိမ္ဖြယ္ရာ အေျခအေနမ်ားမဟုတ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ေဆးကုသႏိုင္ရန္အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးမ်ားသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တပ်ကို ခေတ်မီအောင်လုပ်ခြင်းက အခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ကြောင်း တရုတ်လွှတ်တော်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း