အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 5 / 7:30 PM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
ဇီလန်စကီးက "ဥရောပသမဂ္ဂနဲ့ အမေရိကန်ခေါင်းဆောင်တွေအပါအဝင် ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေဟာ ရုရှား နဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို တွန်းအားပေးနေတာမျိုးတွေ မရှိပါဘူး။ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်ချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ တပ်မှူး ၁၂ ဦးအထိ သုတ်သင်နိုင်ခဲ့ဟု အစ္စရေးစစ်တပ်ပြောအစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်း ဟားမက်စ်လက်နက် ကိုင်အဖွဲ့တပ်မှူး အနည်းဆုံး ၁၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်သူ ဂယ်လန်က "စစ်ပွဲပြီးချိန်မှာတော့ ဂါဇာဒေသကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို ခြိမ်းခြောက်တာမျိုးလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်စွာ ကြီးမားတဲ့ထိုးစစ်ဆင်မှုတွေလုပ်ဆောင်မှာပါ" လို့ ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ မြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကို သုတ်သင် သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ၎င်းက "စစ်ပွဲဖြစ်လာရတာဟာ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်မှာ တာဝန်အရှိဆုံးဖြစ်တယ်။ ကျွန်တော်တို့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ကို သုတ်သင်သွားမှာပါ။ စစ်ပွဲအချိန် မကြာချင်ဘူးဆိုရင် ဂါဇာဒေသခံတွေဟာ ဟားမက်စ် လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်ပြီး သတင်းပေးရမယ်" လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲတဲ့ သီတင်းပတ်တစ်ပတ်အတွင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်ပေါင်း ၂၅ဝဝ ကျော်ကို လေကြောင်း၊ မြေပြင်နဲ့ ရေလကြောင်းတို့မှ တိုက်ခိုက်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ လူပေါင်း ၉ဝဝဝ ကျော် သေဆုံးထားရာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲကို အဆုံးသတ်ရပ်တန့်ဖို့ တောင်းဆိုနေပါတယ်။ဒါပေမယ့် အစ္စရေးဟာ စစ်ပွဲကိုမရပ်ဘဲ ဟားမက်စ်အဖွဲ့တွေကို နောက်ထပ်တစ်ကြိမ်မတိုက်ခိုက်ရဲအောင် လုပ်ပြဖို့၊ ပြန်ပေးဆွဲခံထားရ သူတွေ ပြန်လွှတ်ပေးဖို့ တိုက်ခိုက်သွားဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဈေးကွက်ဝင်ရောက်ခွင့် အခွင့်အလမ်းများကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်း ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း