ဈေးကွက်ဝင်ရောက်ခွင့် အခွင့်အလမ်းများကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်း ပြော
Pika (NSS) - နိုဝင်ဘာ ၆
တရုတ်နိုင်ငံသည် ဈေးကွက်ထဲဝင်ရောက်မှုနှင့် သွင်းကုန်တင်သွင်းများကို လက်ရှိထက် ပိုမိုတိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောခဲ့သည်။
ထို့အပြင် ၎င်းက ပွင့်လင်းမြင်သာမှုနှင့် ဈေးကွက်အခွင့်အလမ်းများကို မြှင့်တင်ကာ ကုန်ထုတ်လုပ်မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတားအဆီးများကို ဖယ်ရှားပစ်သွားမည်ဖြစ်ကြောင်း ထပ်မံပြောခဲ့သည်။ တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများတင်သွင်းမှု နှင့် ဝန်ဆောင်မှုများသည်လာမည့်(၅)နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁၇)ထရီလီယံ ထိရှိလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော China International Import Expo (CIIE) ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်ကောင်းမွန်လာကာ တိုးတက်မှုများရှိနေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ တရုတ်နိုင်ငံသည် ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုမြှင့်တင် သွားမည်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းကာ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အမြင့်ဆုံးအဆင်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် အဆင့်အတန်းမြင့်သော အဖွဲ့အစည်းဆိုင်ရာ ဖွင့်လှစ်မှုကိုမြှင့်တင်ရန် အစီအစဉ်ကို မကြာမီထုတ်ပြန်တော့မည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလ(၅)ရက်မှ (၁ဝ)ရက်အထိ ကျင်းပမည့်(CIIE)ပွဲတွင် နိုင်ငံပေါင်း(၆၉)နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း (၃)ခုအပြင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅ဝဝ)မှ ကုမ္ပဏီ(၂၈၉)ခု ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ သည်။ ထို့အပြင် Micron၊ Nestle၊ Burberry နှင့် L'Oreal ကုမ္ပဏီတို့သည်လည်း (CIIE) ပွဲကို တက်ရောက်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါပွဲကို တရုတ်ရှိ ဥရောပကုန်သည်ကြီးများအသင်းက ဝေဖန်ပြောဆိုခဲ့ပြီး အပြောင်းအလဲများပြုလုပ်ရန်နှင့် ဥရောပစီးပွားရေးလုပ်ငန်းများကြားတွင် ယုံကြည်မှုပြန်လည် ရရှိလာစေရန်အတွက် သိသာထင်ရှားမည့် အစီအစဉ်များ လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော(CIIE) ပွဲတွင် အမေရိကန်ဒေါ်လာ(၇၃ ဒသမ ၅၂) ဘီလျံ တန်ဖိုးရှိ သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၂၁ ခုနှစ် နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃ ဒသမ ၉) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က တီထွင်ရန်အစီအစဉ်ဆွဲထားသော နျူကလီးယားဗုံးအသစ်က ရုရှားလူဦးရေ(၃)သိန်းကျော်ကို သေဆုံးစေနိုင်ကြောင်း Newsweek မဂ္ဂဇင်းဖော်ပြ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း