အမေရိကန်က တီထွင်ရန်အစီအစဉ်ဆွဲထားသော နျူကလီးယားဗုံးအသစ်က ရုရှားလူဦးရေ(၃)သိန်းကျော်ကို သေဆုံးစေနိုင်ကြောင်း Newsweek မဂ္ဂဇင်းဖော်ပြ
Pika (NSS) - - နိုဝင်ဘာ ၆
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က တီထွင်ထုတ်လုပ်ရန် စီစဉ်ထားသော နျူကလီးယားဗုံးအသစ်ကို ရုရှားနိုင်ငံ မော်စကိုမြို့ပေါ်သို့ ကြဲချလိုက်မည်ဆိုပါက အဆိုပါမြို့ရှိ လူဦးရေ(၁၃)သန်းအနက် (၃)သိန်း သေဆုံးဖွယ်ရှိနေသည် ဟု Nukemap online tool မှ ဖန်တီးထားသည် သရုပ်ပြပုံကို ကိုးကားပြီး Newsweek က ဖော်ပြခဲ့သည်။
အမေရိကန်သည် B61 ဟု အမည်ပေးထားသော နျူကလီးယားဗုံးအသစ်ကိုထုတ်လုပ်ရန် ကြိုးပမ်းမည်ဟု ပြီးခဲ့သည့်လနှောင်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ နျူကလီးယားဗုံးအသစ်သည် ခန့်မှန်းခြေအားခြင့် (၃၆ဝ)ကီလိုတန် ရှိမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သော ဗုံးထက်(၂၄)ဆပိုမို အားပြင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Newsweek မဂ္ဂဇင်း က "အဲဒီဗုံးကို ရုရှားနိုင်ငံ မော်စကိုမြို့ကို ကြဲချခဲ့မယ်ဆိုရင် လူပေါင်း(၃၁၁၄၈ဝ) ဦး သေဆုံးပြီး အခြားလူပေါင်း(၈၆၈၈၆ဝ) ဦး ထိခိုက်ဒဏ်ရာရရှိပါလိမ့်မယ်။ ဒါမှမဟုတ် ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့တော် စိန့်ပီတာစဘတ်မြို့ပေါ်ကို ကြဲချခဲ့မယ်ဆိုရင် သေဆုံးသူဦးရေဟာ (၃၆ဝ၁၅ဝ) ဦးထိ ရှိလာပါလိမ့်မယ်" ဟု ဖော်ပြ ထားသည်။
အဆိုပါနျူကလီးယားဗုံးပေါက်ကွဲသည့်နေရာမှ မိုင်ဝက်အကွာအဝေးအတွင်းရှိ အရာအားလုံးသည် ကြီးမားသော မီးလုံးကြီးများနှင့်အတူ အငွေ့ပျံသွားမည်ဖြစ်ကြောင်း Newsweek ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပေါက်ကွဲမှုနှင့်အတူ တစ်မိုင်အတွင်းရှိ လူများအားလုံး သေဆုံးမည်ဖြစ်သလို အဆောက်အဦးများအားလုံး လည်း ပျက်စီးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပေါက်ကွဲသည့်နေရာနှင့် နှစ်မိုင်အကွာတွင် ဓါတ်ရောင်ခြည်မြင့်မားမှုများနှင့်အတူ တစ်လအတွင်း သေဆုံးမှုများရှိလာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အသက်ရှင်ကျန်ရစ်သူ (၁၅)ရာခိုင်နှုန်းသည် နောက်ပိုင်းတွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားမည်ဖြစ်ပြီး အများစု မှာ အသက်အန္တရာယ်ရှိသော မီးလောင်ဒဏ်ရာများကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် မီဒီယာများက နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်သည့် အန္တရာယ်များကို ဆွေးနွေးနေမှုနှင့်အတူ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနှင့် နေတိုးအဖွဲ့ကြား တင်းမာမှုများရှိနေချိန်တွင် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အဆိုပါနျူကလီးယားဗုံးအသစ် တီထွင်ထုတ်လုပ်မည့်အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရက်ခွက်ပြပြီး အောင်ပွဲခံတဲ့ NUG ၊ အန္တရာယ်များလှတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့စကား၊ အိန္ဒိယနဲ့မြန်မာ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ်၊ အရှိန်ကျလာတဲ့ ရှမ်းမြောက်တိုက်ပွဲ(၅-၁၁-၂ဝ၂၃)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း