ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဘတ် (၃)သိန်းနီးပါး နစ်နာကြေးရရှိ
စော (NSS) - အောက်တိုဘာ ၃၁
ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဘတ် (၃)သိန်းနီးပါး နစ်နာကြေးရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ (MHAC မဟာမိတ်အဖွဲ့) မှ ယခု ရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်လုကာမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် မဇင်မာနွယ်ဝင်းသည် Thai Service Konlakan Group Co,Ltd (TS K) သံစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ သံစက်ရုံတွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန်၌ သံရိုက်စက်၏ ချို့ယွန်းမှုကြောင့် ၎င်း၏ ညာဘက် လက်ပေါ်သို့ ဖိစက်ဖြင့် ဖိမိခဲ့ကြောင်း သိရသည်။
ထို့သို့ဖိမိခဲ့ရာ ညာဘက်လက်ညိုးတစ်ချောင်း ဖြတ်လိုက်ရသည့်အပြင် ဆေးကုသစရိတ်ကိုလည်း ၎င်း၏ ကိုယ်ပိုင် ဝင်ငွေမှ ကျခံသုံးစွဲခဲ့ရသဖြင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် ပကန်နစ်နာကြေးရရှိလိုသဖြင့် MAHC မဟာမိတ်အဖွဲ့ ထံသို့ အကူအညီတောင်းခဲ့ကြောင်း သိရသည်
အဆိုပါ ပကန်နစ်နာကြေးရရှိအောင် MAHC မဟာမိတ်အဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ရာ လက်ညိုးတစ်ချောင်း နစ်နာကြေးအတွက် ထိုင်းငွေ (၂၆ဝ၁၆၄) ဘတ်တိတိကို နှစ်လအကြာမှ ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်းမြို့အခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ (Myanmar Humanitarian Action Center) သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာလုပ်သားများကို လုပ်ငန်းခွင်ထိခိုက်နစ်နာမှုများ နှင့် အလုပ်သမားအခွင့်အရေးများကို အဓိက ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-31 /4:00 PM)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း