အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-31 /4:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
ကုလသမဂ္ဂအဖွဲ့က အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ဆီးရီးယားနိုင်ငံကို ပျံ့နှံ့ကူးစက်လာဖွယ်ရှိနေပြီး ဆီးရီးယားနိုင်ငံက အန္တရာယ်ရှိဆုံးဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆီးရီးယားနိုင်ငံသည် နှစ်ပေါင်းများစွာ မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများဖြစ်ပွားနေရာ အစ္စရေး နှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် သက်ရောက်မှုများဖြစ်လာမည်ဆိုလျှင် ဆီးရီးယားနိုင်ငံက ပိုမိုအန္တရာယ်ရှိလာနိုင်ကြောင်း ဆိုသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဂျူးစာသင်ကျောင်းများကို ဗုံးဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံရမှုများကြောင့် ကျောင်းသားများကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။ ပဲရစ်မြို့ရှိ ဂျူးစာသင်ကျောင်းပေါင်း အနည်းဆုံး ၂ဝ ခန့်သည် ဗုံးဖြင့် တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဂါဇာဒေသတွင်ဖြစ်ပွားနေသည့် အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် သေဆုံးခဲ့သော ပါလက်စတိုင်းလူမျိုးများ၏ ၇ဝ ရာခိုင်နှုန်းက အမျိုးသမီး နှင့် ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီဖြစ်သည့် UNRWA က သတင်းထုတ်ပြန်လိုက်သည်။
ဂါဇာဒေသရှိ ကလေးငယ်ပေါင်း ၃၂ဝဝ ကျော်သည် သီတင်းပတ်သုံးပတ်အတွင်း သေဆုံးခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ် နောက်ပိုင်း စစ်ပွဲကြောင့် ကလေးငယ်သေဆုံးမှု အများဆုံးဖြစ်ခဲ့ရကြောင်း သိရသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် သတင်းထောက် အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့ကြောင်း ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။ သေဆုံးသူ သတင်းထောက် ၃ဝ ကျော်အနက် ၂၆ ဦးက ဂါဇာဒေသတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား ၄ ဦးက အစ္စရေးကို ဟားမက်စ်အဖွဲ့က တိုက်ခိုက်ချိန်အတွင်း သေဆုံးခဲ့သူများဖြစ်ကြောင်း၊ အခြားတစ်ဦးက လက်ဘနွန်ကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ချိန်အတွင်း သေဆုံးခဲ့သူဖြစ်ကြောင်း ပြောသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်က ဂါဇာဒေသကိုမြေပြင်ထိုးစစ်ဆင်နေသည့် အစ္စရေးတပ်ဖွဲ့များ၏ ကားသုံးစီးကို တင့်ကားဖျက်ဒုံးကျည်များအသုံးပြုကာ တိုက်ခိုက်နေကြောင်း ပြောသည်။ ဟားမက်စ်အဖွဲ့က ၎င်းတို့ သည် ဂါဇာဒေသကို ဝင်ရောက်ရန်ကြိုးပမ်းနေသည့် အစ္စရေးတပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်နေ ကြောင်းပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကိုကြဲချခဲ့သော နျူကလီးယားဗုံးထက် ပြင်းအား ၂၄ ဆပိုရှိမည် နျူကလီးယားလက်နက်ကို စမ်းသပ်ထုတ်လုပ်မည်ဟု အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ