ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကိုကြဲချခဲ့သော နျူကလီးယားဗုံးထက် ပြင်းအား ၂၄ ဆပိုရှိမည် နျူကလီးယားလက်နက်ကို စမ်းသပ်ထုတ်လုပ်မည်ဟု အမေရိကန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကို ကြဲချခဲ့သော နျူကလီးယားဗုံးထက် ၂၄ ဆ ပိုမိုအင်အားပြင်းသော နျူကလီးယားလက်နက်အသစ်ကို ထုတ်လုပ် သွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်စစ်ဘက်သည် ဟီယိုရှီးမားမြို့ကို ကြဲချခဲ့သော နျူကလီးယားထက် ၂၄ ဆထက်ပိုပြင်းသော နျူကလီးယားလက်နက်ကို B61 ဟု အမည်ပေးထားကြောင်း၊ အဆိုပါနျူကလီးယားလက်နက်ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် လွှတ်တော်ထံမှ ရန်ပုံငွေများရရှိအောင် ကြိုးပမ်သွားရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန က ဆိုသည်။
အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကို ‘Little Boy’, အမည်ရှိ ပြင်းအား ၁၅ ကီလိုတန်ဗုံးကို ကြဲချခဲ့ပြီး၊ လက်ရှိလုပ်ဆောင်မည့် B61 ဗုံး၏ ပြင်းအားသည် ၃၆ဝ ကီလိုတန်ရှိမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောသည်။
အဆိုပါနျူကလီးယား B61 ဗုံးသည် အမေရိကန်နိုင်ငံရှိ လက်နက်များထဲတွင် ပြင်းအားအများဆုံးရှိစေမည့် နျူကလီးယားလက်နက်ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ ဆိုဗီယက်ပြည်ထောင်စုသည် နျူကလီးယားဗုံးများ ထဲတွင် ပြင်းအားအများဆုံး နျူကလီးယားဗုံးကို ထုတ်လုပ်ထားနိုင်သောနိုင်ငံဖြစ်ခဲ့ဖူးပြီး ၁၉၆၁ ခုနှစ်က ပြင်းအင်အား ၅၈ မီဂါတန်ရှိသော ‘Tsar Bomba’ ဗုံးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သူ John Plumb က "ကျွန်တော်တို့ဟာ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်အကဲဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ နျူကလီးယားလက်နက်တွေနဲ့ မဟာဗျူဟာမြောက်တုံ့ပြန်တိုက်ခိုက်တာတွေလည်း လုပ်ဆောင်သွားမယ်။ မဟာမိတ်နိုင်ငံတွေအတွက်လည်း တုံ့ပြန်သွားမယ်" ဟု ပြောသည်။
အမေရိကန်နိုင်ငံသည် ၁၉၉ဝ ပြည့်နှစ်က နီဗာဒါပြည်နယ်တွင်မြေအောက်တွင် နျူကလီးယားစမ်းသပ်ပေါက်ကွဲမှု များ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ရုရှားသမ္မတပူတင်ကလည်း အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ ပြန်လည်စမ်းသပ်လုပ်ဆောင်မည်ဆိုလျှင် ရုရှားနိုင်ငံကလည်း ၎င်းတို့၏ နျူကလီးယားလက်နက် များကို ပိုမိုခေတ်မီစေရန် စမ်းသပ်မှုများလုပ်ဆောင်သွားရမည်ဟု ယုံကြည်ကြောင်း ပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ တားမြစ်ပိတ်ပင်မှုရှိသည့် ဂျပန်ပင်လယ်စာများကို ဝယ်ယူပြီး အမေရိကန်စစ်သားများကို ကျွေးသွားမည်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ