Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံ တားမြစ်ပိတ်ပင်မှုရှိသည့် ဂျပန်ပင်လယ်စာများကို ဝယ်ယူပြီး အမေရိကန်စစ်သားများကို ကျွေးသွားမည်ဟုဆို

Pika (NSS) - အောက်တိုဘာ ၃၁ 

နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများ ပစိဖိတ်ပင်လယ်ထဲသို့ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သော ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်များနှင့်အတူ စီးပွားရေးကျဆင်းမှုများကို လျော့ပါးစေရန် ကူညီမှုအဖြစ် အမေရိကန်စစ်တပ်အတွက် ဂျပန်၏ပင်လယ်စာများကို ဝယ်ယူရန် အမေရိကန်အစိုးရက သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုများအပေါ် တရုတ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုကို တုံ့ပြန်ရာတွင် ကူညီပေးရန်အတွက် အမေရိကန်စစ်တပ်သည် ဂျပန်၏ ပင်လယ်စာရောင်းချသူများနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Rahm Emmanuel က ပြောဆိုခဲ့သည်။


ဂျပန် ငါး၊ ပင်လယ်ဂုံး နှင့် အခြားထွက်ကုန်ပစ္စည်းများကို အမေရိကန်ရေတပ်သင်္ဘောများတွင် ကျွေးသွားမည်ဖြစ်ပြီး ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း(၁၇)ခုတွင် သိုလှောင်ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

အမေရိကန်စစ်သားများကို ဂျပန်နိုင်ငံထွက် ပင်လယ်စာများ ကျွေးခြင်းသည် ဂျပန်၏ အကြီးမားဆုံး တရုတ်ဈေးကွက်ကို ဆုံးရှုံးလိုက်ရခြင်းအတွက် ကာမိမည် မဟုတ်ကြောင်း ၎င်းက ဝန်ခံပြောခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုများနှင့်ပတ်သက်ပြီး ကြေညာချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Rahm Emmanuel က ပြောခဲ့သည်။

၎င်းက "တရုတ်နိုင်ငံရဲ့စီးပွားရေးအကျပ်ကိုင်မှုတွေ လျော့ပါးသွားစေဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတဲ့ နိုင်ငံ (သို့မဟုတ်) စက်မှုလုပ်ငန်းတွေကို အကူအညီတွေပေးသွားမှာပါ" ဟု ပြောခဲ့သည်။

ယခင်က ဂျပန်နိုင်ငံထွက်ပင်လယ်စာ အများဆုံးတင်သွင်းခဲ့သော တရုတ်နိုင်ငံသည် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုဖြစ်နိုင်ခြေများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်လာခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လတွင် ဂျပန်၏ ပင်လယ်စာတင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ဂျပန်အစိုးရ၏ ပစိဖိတ်သမုဒ္ဒရာထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်ရန် ဆုံးဖြတ်ကို တရုတ်အစိုးရ ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါလုပ်ရပ်မှာ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလအစောပိုင်းတွင် ရုရှားအစိုးရသည် ဂျပန်၏ ပင်လယ်စာတင်ပို့မှုအားလုံးကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ 

ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ စွန့်ပစ်မှုမှာ ဘေးကင်းကြောင်း  ဂျပန်အစိုးရက အကြိမ် ကြိမ်ပြောခဲ့သလို အဆိုပါပြောဆိုချက်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ထောက်ခံခဲ့ကြောင်းလည်း သိရသည်။ ဂျပန် နှင့် အမေရိကန်စစ်တပ်တို့၏ ပင်လယ်စာသဘောတူညီချက်အရ ပထမဆုံးဝယ်ယူမှုမှာ ပင်လယ်ဂုံး မက်ထရစ်တန်ချိန် (၁)တန်အောက်သာရှိလိမ့်မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံသို့ ပင်လယ်ဂုံး မက်ထရစ်တန်ချိန် (၁)သိန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ အောက်တိုဘာလ ၃၁ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့အရေးနှင့် နိုင်ငံတကာက သတင်းထူးများ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved