မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ့၌ လာရောက်ဖူးမြော်သူ (၇)သောင်းနီးပါးရှိဟု နစကထုတ်ပြန်
စော(NSS) - အောက်တိုဘာ ၃၀
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ၌ လာရောက်ဖူးမြော်သူ (၇)သောင်းနီးပါးရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော (ဩဂုတ်လ ၈ ရက်)မှစ၍ ပြည်တွင်းပြည်ပမှ ဘုရားဖူးပြည်သူများအား ဝင်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယမန်နေ့( အောက်တိုဘာလ ၂၉ ရက်)၊ သီတင်းကျွတ် လပြည်နေ့တွင် ရဟန်း သံင်္ဃာအပါအဝင် ဘုရားဖူးပြည်သူ (၆၈၀၈၁)ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
ထို့ပြင် ရင်ပြင်တော်၌ မီးထွန်းပွဲပြုလုပ်ကြရာတွင် ဆီးမီး (၃၆၀၀) ထွန်းညှိပူဇော်ခြင်းအပါအဝင် မီးပုံးပျံများလည်း လွှတ်တင်ခြင်း၊ လျှပ်ပန်းရောင်စုံ LED မီးပန်းစုံတို့ဖြင့် ပူဇော်ခြင်း နှင့် ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဘုရားစေတီများ အပါအဝင် ဘုန်းကြီးကျောင်းများ၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည်နေ့တွင် ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်းကားလျက်ရှိပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကိုလည်း လာရောက်ဖူးမြော်ကြည်ညိုသူများပြားခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်စစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားမြတ်ကြီးကို ပြီးခဲ့သည့် (ဩဂုတ်လ ၈ ရက်)မှစတင်၍ ဖူးမြော်ခွင့်ပေးခဲ့ရာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)အထိ ဘုရားဖူးမြော်ကြည်ညိုသူ (၉၆၆၇၁၃) ဦး ရှိခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-30 / 1:30 PM)
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း