စိတ်ကျန်းမာရေးမကောင်းသူဟုယူဆရသည့် မိခင်က ၎င်း၏ကလေး(၂)ဦးနှင့်အတူ သေကြောင်းကြံစည်မှု ကရင်ပြည်နယ်၌ဖြစ်ပွား
Pearl (NSS) - အောက်တိုဘာ ၂၈
ကရင်ပြည်နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူဟုယူဆရသည့် မိခင်က ၎င်း၏ကလေးငယ်(၂)ဦးနှင့်အတူ သေကြောင်းကြံစည်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၈ ရက်)၊ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)ရပ်ကွက်အပိုင် ဘုရားဆိပ်ကမ်းနား မြေထိမ်းနံရံအောက်ချေတွင် စိတ်ကျန်းမာရေးမကောင်းသူဟု ယူဆရသည့် မနှင်းနှင်းအောင်သည် ၎င်း၏ ကလေးငယ်(၂)ဦးနှင့်အတူ ရေထဲခုန်ချရန်ကြံစည်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြံစည်စဉ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်ကတော့ (၁၂)နာရီလောက်က ဖြစ်သွားတာပါ။ လက်ရှိတော့ လိုအပ်တာတွေ လုပ်ပေးထားပြီး အုပ်ချုပ်ရေးမှူးရုံးအပ်ထားတယ်။ သူ့မိသားစုနဲ့တော့ အဆက်အသွယ် မရသေးဘူး"ဟု မြို့လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NSS ကို ပြောသည်။
လက်ရှိတွင် ၎င်းတို့အား အုပ်ချုပ်ရေးမှူးရုံး၌အပ်နှံထားပြီး ၎င်းတို့သည် ဘားအံမြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကမှ ကျင်းပပေးမည့် ရွေးကောက်ပွဲအတွက် လိုအပ်သော ဆန္ဒပြုခန်း၊ စာအိတ်တို့ကို ဝယ်ယူလိုကြောင်း UEC တင်ဒါခေါ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း