နစကမှ ကျင်းပပေးမည့် ရွေးကောက်ပွဲအတွက် လိုအပ်သော ဆန္ဒပြုခန်း၊ စာအိတ်တို့ကို ဝယ်ယူလိုကြောင်း UEC တင်ဒါခေါ်
မျိုးကြီး (NSS) - အောက်တိုဘာ ၂၈
နစကမှ ကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်သော ဆန္ဒပြုခန်း၊ စာအိတ်တို့ကို ဝယ်ယူလိုကြောင်း UEC က တင်ဒါဖိတ်ခေါ်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့(အောက်တိုဘာလ ၂၈ ရက်)တွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ဝယ်ယူလိုသည့်အတွက် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။
ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဆန္ဒပြုခန်း(စက္ကူကတ္ထူ)၊ ဘောပင်၊ စက္ကူစာအိတ်၊ စာရွက်၊ လုံခြုံရေးကြိုးနှင့် မင်ဘူးများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဈေးပြိုင်အဆိုပြုလွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ်(၂၂)ရှိ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌထံ လိပ်မူကာ နိုဝင်ဘာလ ၁၃ ရက် နောက်ဆုံးထား၍ လာရောက်တင်သွင်းရန် အသိပေးထားသည်။
ထို့ပြင် သတ်မှတ်ကာလကျော်လွန်မှတင်သွင်းသည့် ဈေးပြိုင်အဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ကြောင်းလည်း UEC က အသိပေးထားသည်။
လက်ရှိ နစက၏ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းတို့ တီထွင်ထားသော မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်မြေများတွင် မဲပေးစက်ကို အသုံးပြုခြင်းမရှိဘဲ တံဆိပ်တုံး ရိုက်နှိပ်အသုံးပြုရသည့် ယခင်မဲပေးနည်းကို အသုံးပြုသွားဖွယ်ရှိကြောင်း သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူပြီးပါက မဲစာရင်းများကို ပြုစုကာ ရွေးကောက်ပွဲကို အစောလျင်ဆုံးပြန်လည်ကျင်းပပေးသွားမည်ဟု ပြောကြားထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်း၌ လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦးကို PDF တစ်ဦးက သေနတ်ဖြင့်လာရောက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ