စစ်ကိုင်း၌ လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦးကို PDF တစ်ဦးက သေနတ်ဖြင့်လာရောက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
NSS - အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် လက်ဖက်ရည်ထိုင်သောက်နေသည့် အမျိုးသားတစ်ဦးကို PDF တပ်ဖွဲ့ဝင်တစ်ဦးက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီခဲ့သော အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ အုန်းတောမြောက်ကျေးရွာရှိ “ရွှေလမ်းဆုံ” လက်ဖက်ရည်ဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သည့် ဦးစိုင်းသူရ(ခ)ကုလားသည် ကျေးရွာအတွင်းရှိ “ရွှေလမ်း ဆုံ” လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် PDF တစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြေင့် ဦးစိုင်းသူရ(ခ)ကုလား(၃၃)နှစ်တွင် ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ပိတ်ရက်ကာလကြောင့် ရွှေဈေး နှင့် အမေရိကန်ဒေါ်လာဈေးများ တည်ငြိမ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း