ရုရှားနိုင်ငံ၏ ကင်ဆာကုသဆေးများဖြင့် မြန်မာနိုင်ငံရှိ ကင်ဆာဝေဒနာရှင်များကို ကုသရန် နှစ်နိုင်ငံအကြား စီစဉ်နေ
Pearl (NSS) - အောက်တိုဘာ ၂၀
ရုရှားနိုင်ငံ၏ ကင်ဆာကုသဆေးများဖြင့် မြန်မာနိုင်ငံရှိ ကင်ဆာဝေဒနာရှင်များကို ကုသရန် နှစ်နိုင်ငံအကြား စီစဉ်နေကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgency Dmitrievich ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ ကျန်းမာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်း ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိသော ကင်ဆာရောဂါများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်နည်းပညာဖလှယ်ရေး နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပြီး အတွေ့အကြုံဖလှယ်ရန် နှင့် နှစ်နိုင်ငံကင်ဆာရောဂါကုသမှုဆေးပညာရှင်များ တွဲဖက်၍ ဆေးကုသမှုများ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှားနိုင်ငံမှ ကင်ဆာရောဂါများကုသပေးသည့်ဆေးဝါးများအသုံးပြု၍ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ဝေဒနာရှင်များအား ဆေးကုသမှုများပေးနိုင်ရန် စီစဉ်ဆောင်ရွက်မှုများ အပါအဝင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာညီလာခံများ၊ အစည်းအဝေးများကျင်းပ၍ ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန် ဖိတ်ကြားလျက် အသိပညာဖလှယ်ရေး၊ နှစ်နိုင်ငံဆေးပညာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-လားရှိုးလမ်းတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ