မန္တလေး-လားရှိုးလမ်းတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူ
သန့်ဇင် (NSS) - အောက်တိုဘာ ၂၀
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းတွင် သက်တော် (၈ဝ)ကျော် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူသွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည့် ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်)၊ ည ၇ နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးသွား ကားလမ်းမပေါ်ရှိ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကား အတိုက်ခံရတဲ့ဘုန်းကြီးကို မြို့ပြင်က (၁၉)မိုင်ကျောင်းတိုက် ကိုယ်တော်က သနားလို့ ဆိုင်ကယ်နဲ့ လိုက်ပို့ တာ။ အဲဒီအချိန် ဘုန်းကြီးက ဗိုက်ဆာလို့ မုန့်ဆင်းဝယ်ဖို့ လမ်းကူးလိုက်တဲ့အချိန်မှာ မှောင်ကလဲ မှောင်နေတော့ ကားက တိုက်မိပြီး မောင်းပြေးသွားတာပေါ့” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကားတိုက်ခံရသည် သံဃာတော်မှာ သက်တော်(၈၃)နှစ်ရှိကာ ပြင်ဦးလွင်မြို့အပြင်ဘက်ရှိ ကျောင်းတိုက် တစ်ခုတွင် သီတင်းသုံး နေထိုင်ကြောင်းသိရပြီး ကားတိုက်ခံရစဉ် ဒဏ်ရာပြင်းထန်စွာရရှိကာ ပျံလွန်တော်မူသွားခဲ့ ကြောင်း သိရသည်။
“ကားတိုက်ခံရတော့ ဘုန်းကြီးက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာပါ။ အဲဒါနဲ့ဆေးရုံပို့ဖို့လုပ်တော့ ဆေးရုံသွား တဲ့လမ်းမှာပဲ ပျံလွန်တော်မူသွားတာပါ။ တိုက်တဲ့ကားက တိုက်ပြီးမောင်းပြေးသွားတယ်လို့ သိရတယ်ဗျ။ ဘယ်လို ကားလဲဆိုတာတော့ မသိလိုက်ရဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ပျံလွန်တော်မူသွားသည့် သံဃာတော်အား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ကားအား စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် Raphael International ကိုရီးယားအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း