ဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် Raphael International ကိုရီးယားအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Pearl (NSS) - အောက်တိုဘာ ၂ဝ
ဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် Raphael International ကိုရီးယားအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် (၅) နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (အောက်တိုဘာ ၁၉) ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် Raphael International, Republic of Korea တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက် ရန်အတွက် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Letter of Intent) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၂)ရက်တွင် နေပြည်တော်၌ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာအေးအေးခင် နှင့် Raphael International, Republic of Korea ၏ Director ဖြစ်သူ Ms. Sunghae Kwon တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် Raphael International တို့သည် ဆေးပညာသင်ကြား ရေးနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများပေးခြင်း အပါအဝင် ကုသရေး ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခေတ်မီဆေးကုသမှုနည်းလမ်းများနှင့် ဆေးပစ္စည်းများ မိတ်ဆက်ခြင်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ၌ မြန်မာအမျိုးသားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သောကြောင့် ၎င်း၏ မိသားစုဝင်အား နစ်နာကြေး ဘတ်(၁)သန်းကျော် ပေးအပ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း