Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကြက်ငှက်တုပ်ကွေးရောဂါအခြေအနေက 'စိုးရိမ်စရာ' ရှိကြောင်း WHO ပြော

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘောဒီးယားနိုင်ငံရှိ မိသားစုတစ်စုမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ အတည်ပြုလူနာ (၂) ဦး တွေ့ရှိပြီးနောက် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက ငှက်များနဲ့ နို့တိုက်သတ္တဝါများမှာ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှုကြောင့် ကူးစက်မှုအခြေအနေကို "စိုးရိမ်စရာ" အဖြစ် WHO က ဖော်ပြလာခဲ့ပါတယ်။ ယင်းကြောင့် WHO ဟာ မကြာသေးမီက ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများကြောင့် ၎င်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အကဲဖြတ်မှုကို ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီဟာ ယခုလအစောပိုင်းမှာ လူသားများသို့ ကြက်ငှက်တုပ် ကွေးရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း နောက်ဆုံးအကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် ကမ္ဘောဒီးယားအာဏာပိုင်များဟာ H5N1 ကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်)မှာ တွေ့ရှိ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းနဲ့တိုက်ရိုက်ထိတွေ့ခဲ့သူ ၁၂ ဦးကို စတင်စမ်းသပ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ၎င်းရဲ့ဖခင်မှာလည်း ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများတွေ့ရှိရပြီး စမ်းသပ်စစ်ဆေးတဲ့အခါ ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိမှုကြောင့် "ကမ္ဘာတစ်ဝှမ်းရှိ ငှက်များမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ လူသားများအပါအဝင် နို့တိုက်သတ္တဝါများမှာ ကူးစက်ဖြစ်ပွားမှုသတင်းများဟာ ကမ္ဘာ့ H5N1 အခြေအနေကို စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်" လို့ ကူးစက်ရောဂါနဲ့ ကပ်ရောဂါကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ စလေဗီဘရင်းက ပြောကြားပါတယ်။

H5N1 အမျိုးအစားအသစ်၊ clade 2.3.4.4b ဟာ ၂ဝ၂ဝ ခုနှစ်မှာပေါ်ပေါက်ခဲ့ပြီး မကြာသေးမီလများအတွင်း တောငှက်များနဲ့ အိမ်မွေးကြက်များအကြား စံချိန်တင် သေဆုံးမှု အရေအတွက်ကို ဖြစ်စေခဲ့ပါတယ်။

zawgyi version

ၾကက္ငွက္တုပ္ေကြးေရာဂါအေျခအေနက 'စိုးရိမ္စရာ' ရွိေၾကာင္း WHO ေျပာ

ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ကေမာၻဒီးယားႏိုင္ငံရွိ မိသားစုတစ္စုမွာ H5N1 ၾကက္ငွက္တုပ္ေကြးေရာဂါ အတည္ျပဳလူနာ (၂) ဦး ေတြ႕ရွိၿပီးေနာက္ ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အာဏာပိုင္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီက ငွက္မ်ားနဲ႔ ႏို႔တိုက္သတၱဝါမ်ားမွာ ၾကက္ငွက္တုပ္ေကြး ေရာဂါ ျဖစ္ပြားမႈ ျမင့္တက္လာမႈေၾကာင့္ ကူးစက္မႈအေျခအေနကို "စိုးရိမ္စရာ" အျဖစ္ WHO က ေဖာ္ျပလာခဲ့ပါတယ္။ ယင္းေၾကာင့္ WHO ဟာ မၾကာေသးမီက ၾကက္ငွက္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈမ်ားေၾကာင့္ ၎ရဲ႕ ကမာၻလုံးဆိုင္ရာ အႏၲရာယ္အကဲျဖတ္မႈကို ျပန္လည္သုံးသပ္ေနတယ္လို႔ သိရပါတယ္။ ကမာၻ႔ကုလသမဂၢ က်န္းမာေရးေအဂ်င္စီဟာ ယခုလအေစာပိုင္းမွာ လူသားမ်ားသို႔ ၾကက္ငွက္တုပ္ ေကြးေရာဂါကူးစက္ျဖစ္ပြားႏိုင္ေျခ နည္းပါးေၾကာင္း ေနာက္ဆုံးအကဲျဖတ္ခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ကေမာၻဒီးယားအာဏာပိုင္မ်ားဟာ H5N1 ေၾကာင့္ အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ၾကာသပေတးေန႔ (ေဖေဖာ္ဝါရီလ ၂၃ ရက္)မွာ ေတြ႕ရွိ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ၎နဲ႔တိုက္႐ိုက္ထိေတြ႕ခဲ့သူ ၁၂ ဦးကို စတင္စမ္းသပ္ခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ ၎ရဲ႕ဖခင္မွာလည္း ၾကက္ငွက္တုပ္ေကြး ေရာဂါလကၡဏာမ်ားေတြ႕ရွိရၿပီး စမ္းသပ္စစ္ေဆးတဲ့အခါ ဗိုင္းရပ္စ္ပိုးရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ဒီလိုေတြ႕ရွိမႈေၾကာင့္ "ကမာၻတစ္ဝွမ္းရွိ ငွက္မ်ားမွာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈနဲ႔ လူသားမ်ားအပါအဝင္ ႏို႔တိုက္သတၱဝါမ်ားမွာ ကူးစက္ျဖစ္ပြားမႈသတင္းမ်ားဟာ ကမာၻ႔ H5N1 အေျခအေနကို စိုးရိမ္ဖြယ္ရာ ျဖစ္လာခဲ့ပါတယ္" လို႔ ကူးစက္ေရာဂါနဲ႔ ကပ္ေရာဂါႀကိဳတင္ျပင္ဆင္ေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ ဒါ႐ိုက္တာ ေဒါက္တာ စေလဗီဘရင္းက ေျပာၾကားပါတယ္။

H5N1 အမ်ိဳးအစားအသစ္၊ clade 2.3.4.4b ဟာ ၂ဝ၂ဝ ခုႏွစ္မွာေပၚေပါက္ခဲ့ၿပီး မၾကာေသးမီလမ်ားအတြင္း ေတာငွက္မ်ားနဲ႔ အိမ္ေမြးၾကက္မ်ားအၾကား စံခ်ိန္တင္ ေသဆုံးမႈ အေရအတြက္ကို ျဖစ္ေစခဲ့ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကနေဒါမှာ အအေးဓာတ်လျော့တဲ့ ဆောင်းရာသီကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲစကိတ်ကွင်းကို ပိတ်ထားလိုက်ရ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved